ကပ်ချောင်းကျေးရွာတွင် တိုက်ပွဲကျန်အမြောက်ကျည်ပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၅ ဦးအနက်၊ ၃ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

ကပ်ချောင်းကျေးရွာတွင် တိုက်ပွဲကျန်အမြောက်ကျည်ပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၅ ဦးအနက်၊ ၃ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကပ်ချောင်းကျေးရွာတွင် ဩဂုတ် ၁ ရက် ညနေက စစ်လက်ကျန် အမြောက်ကျည် တစ်လုံးပေါက်ကွဲရာမှ ဒဏ်ရာရရှိသူ ၅ ဦးအနက် ၃ ဦးမှာ စစ်တွေဆေးရုံသို့ ညနေ ၇ နာရီခွဲခန့်က ရောက်ရှိလာကြောင်း သိရှိရသည်။

စစ်တွေဆေးရုံသို့ရောက်ရှိလာသူများမှာ ကိုကျော်မြင့်သန်း ၊ မောင်ဇော်နိုင်နှင့် မောင်မျိုးဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ ကျန်နှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ စစ်တွေဆေးရုံးကို ရောက်လာတဲ့ ကလေး ၃ ဦးထဲက တစ်ယောက်က ဒဏ်ရာတော်တော့ကို ပြင်းထန်ပုံရတယ်။ သူ့မှာ မျက်လုံးနားမှာ တစ်ချက်ထိတယ်။ ဗိုက်မှာလည်း ဒဏ်ရာရသွားတယ်။ အသက်ရှူတာ နည်းနည်း အောင့်တယ်။ နောက်တစ်ယောက်မှာလည်း လက်ညိုတွေ၊ လက်သန်းတွေပါသွားတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းဘူး ” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကပ်ချောင်းကျေးရွာတွင် ဩဂုတ် ၁ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က စစ်လက်နက် ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...