ရသေ့တောင်မြို့နယ်တွင် မျှစ်ချိုးသွားသူအမျိုးသားတစ်ဦးကို သေဆုံး၍တွေ့ရှိ

ရသေ့တောင်မြို့နယ်တွင် မျှစ်ချိုးသွားသူအမျိုးသားတစ်ဦးကို သေဆုံး၍တွေ့ရှိ

ရသေ့တောင်မြို့နယ်တွင် မျှစ်ချိုးသွားသူအမျိုးသားတစ်ဦးကို သေဆုံး၍တွေ့ရှိ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ သံချောင်းကျေးရွာမှ အမျိုးသားတစ်ဦးကို တောင်ပေါ် မျှစ်ချိုးသွားရာမှ သေဆုံး၍တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။

သေဆုံးသွားသူမှာ မယူကမ်း သံချောင်းကျေးရွာမှ ဦးဝေတင်အောင် အသက် (၆ဝ)နှစ် ဖြစ်ကြောင်း သိရှိရသည်။

ဦးဝေတင်အောင်သည် ဇူလိုင် ၃၀ ရက် မနက် ၉ နာရီခန့်က ရွာ၏အနောက်ဖက် ၂ မိုင်ခန့်တွင်ရှိသော တောင်တန်းသို့ မျှစ်ချိုးဖို့သွားရာမှ အိမ်သို့ ပြန်မရောက်သဖြင့် မိသားစုဝင်များနှင့် ကျေးရွာသားများက ဇူလိုင် ၃၁ ရက် နံနက်က လိုက်လံ ရှာဖွေခဲ့ကြရာ နံနက် ၁ဝ နာရီခန့်က သေဆုံးနေသည့် သူ့၏ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကျော်အေးစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ မနေ့နံနက်ကတည်းက မျှစ်ချိုးဖို့ သွားတာ၊ သူ့ပြန်မရောက်လို့ သွားရှာကြတော့ ဒီနေ့ မနက်မှာ သူ့သေဆုံးနေတာကို တွေ့ရှိရတယ်။ တောင်ပေါ်က နည်းနည်းလိမ့်ကျပြီး သေဆုံးနေတာကိုတွေ့ရတယ်။ တောင်အောက်ကိုတော့ မကျဘူး။ အဲဒီနားမှာ ဝါးပင်တွေရှိတော့ အောက်ကို ပြုတ်မကျသွားဘူး။ အဲဒီမှာ တင်ပြီး သေနေတာကို တွေ့ရတယ်။ ခန္ဓာမှာ ဒဏ်ရာ၊ ဒဏ်ချက်တွေလည်း မတွေ့ရဘူး” ဟု ပြောသည်။

သေဆုံးသွားသူ ဦးဝေတင်အောင်မှာ သွေးတိုးရောဂါမကြာခဏဖြစ်ပွားလေ့ရှိသဖြင့် မိသားစုဝင်များက သွေးတိုးရောဂါဖြင့် ခေါင်မူးပြီးတောင်ပေါ်မှ လိမ့်ကျသေဆုံးသွားသည်ဟု ထင်မြင် ယူဆထားကြောင်း ၎င်းက ပြောသည်။

“ သူ့ကိုတွေ့ရတာကတော့ သူ့မျှစ်ချိုးလို့ ပြန်လာချိန်မှာ သေဆုံးပုံရပါတယ်။ သေဆုံးနေတဲ့ သူ့အနားမှာ မျှစ်လည်း ၁ဝ ပိဿလောက်တွေ့တယ်။ မျှစ်ချိုးလို့ပြန်လာတဲ့အချိန်မှာ ဆုံးတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးကျော်အေးစိန်က ဆက်လက်ပြောဆိုသည်။

ယခုအခါ သူ့၏ရုပ်အလောင်းကို သံချောင်းရွာ၏ သုသာန်တွင်ထားရှိပြီး သြဂုတ်လ ၁ ရက်နေ့တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...