ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၀၀၀ ကျော်ရှိဟု DDI ပြော

ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၀၀၀ ကျော်ရှိဟု DDI ပြော

ချင်းပြည်နယ်တွင် ကျရောက်လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင် ၃၀၀၀ ကျော်ရှိကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ(DDI) ဒါရိုက်တာ Joshua ကပြောသည်။

မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ Joshua က “၂၀၁၅ တုန်းကတော့ အခက်အခဲတွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်၊ သူတို့ကလည်း လာမဲ့ရွေးကောက်ပွဲကတော့ အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောထားတယ်၊ (ဥဗမာ မဲရုံတွေကို အပေါ်ထပ်မှာမထားပဲ မြေညီမှာထားဖို့) ပြီးတော့ မသန်စွမ်းသူတွေလည်း မဲပေးဖို့အခက်အခဲရှိတယ်ဆိုရင် သူစိတ်ချရတဲ့သူကို ကူညီတောင်းပြီးခေါ်သွားလို့ရတယ်” ဟု ပြောသည်။

ဆက်ပြီးသူက “ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် မသန်စွမ်းသူတစ်အချို့အနေနဲ့ မဲသွားပေးဖို့စိုးရိမ်နေတယ်ဆိုရင် ကြိုတင်မဲပေးချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ကြိုတင်မဲပေးခွင့်ရှိတယ်၊ ဆိုတော့ ချင်းပြည်နယ်မှာလည်း မသန်စွမ်းသူတွေ မဲပေးနိုင်အောင်လုပ်ပေးမယ်ဆိုတာတွေကြားရတယ်၊ မဲရုံလက်စွဲစာအုပ်ကို မကြာခင်ထွက်လာတော့မယ် အဲဒီမှာဘယ်လောက်ထိ မသန်စွမ်းသူတွေအတွက်ပါလဲ ဆိုတာကတော့ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်” ဟု ဆိုသည်။

ထို့ပြင် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်း မသန်စွမ်းသူများ မဲဆုံးရူံးမူမရှိစေရန် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးမည်ဖြစ်ကြောင်း Joshua ကဆိုသည်။

သူက “ကျွန်တော်တို့ မသန်စွမ်းသူတွေ ပယ်မဲမရှိအောင် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ရှိတယ်။ ပိုစတာလည်းကပ်ဖို့ရှိတယ်၊ လာမဲဩဂုတ်လကြရင် မသန်စွမ်းနဲ့မိသားစုတွေကို အသိပညာပေးလုပ်မယ်၊ ပြီးတော့ မဲပေးချင်တဲ့စိတ်ရှိအောင်လုပ်ဆောင်ဖို့ရှိတယ်” ဟု ပြောသည်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများအနေဖြင့် မဲရုံအနေအထား၊ ကြားအာရုံမသန်စွမ်းသူများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...