ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ချင်းပြည်နယ်တွင် ၃၆ နေရာ ယှဉ်ပြိုင်မည်ဟုဆို

ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ချင်းပြည်နယ်တွင် ၃၆ နေရာ ယှဉ်ပြိုင်မည်ဟုဆို

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)အနေဖြင့် လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်အမတ် ၃၆ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာ မူထန်းက ပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာ မူထန်းက “ကျွန်တော်တို့ပါတီအနေနဲ့ ချင်းပြည်နယ် တစ်ပြည်နယ်လုံး ပါဝင်ယှဉ်ပြိုင်မယ်၊ မတူပီပြည်နယ်လွတ်တော်နေရာ၊ ဖလမ်းပြည်နယ်လွတ်တော်နေရာ၊ ဟားခါး အမျိုးသားလွတ်တော်နေရာ ဒီ(၃) နေရာကို ဟ ထားတယ်၊ ကျန်တဲ့ (၃၆) နေရာအားလုံးကို ကျွန်တော်တို့ အကုန်ယှဉ်ပြိုင်မယ်” ဟု ပြောသည်။

ထို့ပြင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိချင်းပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးကောင်စီတွင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ဦးဆောင်သည့်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟုန်းငိုင်းသည် မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါက်တာ မူထန်းကဆိုသည်။

သူက “ဗိုလ်ချုပ်ဟုန်းငိုင်းကလည်း မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော်နေရာကနေ ပါဝင်ယှဉ်ပြိုင်မယ်၊ အောင်နိုင်မအောင်နိုင်ကတော့ ဖြေဖို့ခက်သေးတယ်၊ ဒါပေမဲ့ အောင်မြင်မယ်လို့တော့ ယုံကြည်တယ်၊ တိုင်းရင်းသားပါတီကို ဦးစားပေးမယ်ဆိုတဲ့ဟာက အခုကျွန်တော်တို့ ဟထားတဲ့ ဟားခါး၊ ဖလမ်း၊ မတူပီတွေကို ဒေသပါတီဖြစ်တဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးတာဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရမှ ၂၀၁၁မှ ၂၀၁၆အထိတိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် NLDပါတီကိုရှုံးနိမ့်ခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...