ချင်းပြည်နယ်အစိုးရ၏၅နှစ်တာသက်တမ်းတွင် မြို့ပြစီမံကိန်းဆောင်ရွက်ရခြင်းသည် အခက်ခဲဆုံးဟုဆို

ချင်းပြည်နယ်အစိုးရ၏၅နှစ်တာသက်တမ်းတွင် မြို့ပြစီမံကိန်းဆောင်ရွက်ရခြင်းသည် အခက်ခဲဆုံးဟုဆို

ချင်းပြည်နယ်အစိုးရအနေဖြင့် ၅နှစ်တာသက်တမ်းလုပ်ဆောင်မှု ပိုင်းတွင် မြို့ပြစီမံကိန်းဆောင်ရွက်ရခြင်းသည် အခက်ခဲဆုံးဖြစ်နေသည်ဟု ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ် မှ Chin World Media နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

“ခက်တဲ့ဟာတော့ အများကြီးရှိပေမယ့် ပိုပြီး စိတ်ပင်ပန်းမှုတွေ တွေ့ရတဲ့ဟာနဲ့ စိန်ခေါ်မှုတွေ တွေ တိုက်ခိုက်မှုလေးတွေ နဲ့ ဝေဖန်မှုတွေ အရှိဆုံးကတော့ ကျွန်တော်တို့အစိုးရနဲ့ ဒီ လွှတ်တော်တွေနဲ့ ဌာနဆိုင်ရာ အကြီးကဲတွေ နဲ့ စီမံကိန်းဆွဲတဲ့ချိန်မှာ ဟားခါးက မြို့တော်ဖြစ်တယ် ချင်းမြို့တော်ဖြစ်တဲ့အတွက် အစ နဂိုအနေထားက အရင်ကတည်းက ရှိခဲ့တဲ့ပုံစံကနေ တိုးတက်ပြီးတော့ တစ်ခြားတိုင်းနဲ့ပြည်နယ် မြို့တော်တွေကို မကျော်နိုင်ရင်တောင်မှ ထင်ရှားတဲ့မြို့ဖြစ်အောင် ကြိုးစားရအောင်လို့ ဆုံးဖြတ်ကြတယ်။ အဲတာကြောင့် မြို့ပြစီမံကိန်းအတွက် ပညာရှင်တွေ ကျွမ်းကျင် အင်ဂျင်နီယာတွေ ရော ဘက်ဂျက်အများကြီးနဲ့၊ပြည်သူလူထုရောတိုင်ပင်ပြီးလုပ်ပေမယ့်၊ အရမ်းခက်တယ်၊လူထုသိတဲ့ပုံစံက လွဲနေတော့အရမ်းအလုပ်ရှုပ်တယ်”ဟုဝန်ကြီးချုပ်မှဆိုသည်။

“အစိုးရအနေဖြင့်ဥပဒေအရမဟုတ်ပဲမြေသိမ်းတာမရှိပဲ ပြည်သူနဲ့ ဆွေးနွေးတိုင်ပင်ပြီးဥပဒေနဲ့လည်း ညီအောင် ဒေသခံတွေနဲ့လည်း အဆင်ပြေအောင်ကျွန်တော်တို့ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ပြည်သူများအတွက်၊ လူမျိုးအတွက်ချင်းမြို့တော် တွင် ချင်းလူမျိုးများ အားလုံး မြို့တော်ကြီး ၊ မိသားစုစုံစုံညီ ချင်းဘာသာစကားမတူညီတဲ့ ညီအကိုတွေ အားလုံး စုပေါင်းနေထိုင်မယ့် နေရာဖြစ်အောင် ဟားခါးမြို့ကို ဦးစားပေးတာဖြစ်တယ်” ဟုဝန်ကြီးချုပ်မှ Chin World Media သို့ပြောသည်။

ဝန်ကြီးချူ ပ်မှ ဆက်ပြီး “ဖလမ်းက ခရိုင်မြို့ဖြစ်တယ်၊ ခရိုင်မြို့ Level ဖြစ်ဖို့ ၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့နေချင်စရာကောင်းတဲ့မြို့ဖြစ်အောင် ခေတ်မှီတဲ့ မြို့ဖြစ်ဖို့ ၊ ပြီးတော့ ပလက်ဝကုလားတန်မြစ်ဝှမ်းစီမံကိန်း အောင်မြင်ဖို့ စီးပွားရေးမြို့ကြီးလည်း ဖြစ်မယ်၊အိန္ဒိယနဲ့လည်း စီးပွားကူးသန်းလုပ်ဖို့ ပြည်မနဲ့လည်း ကောင်းကောင်းဆက်သွယ် ကုန်သွယ်ရေး ဖြစ်ဖို့ လုပ်ဆောင်ချင်တာဖြစ်တယ်၊” ဟု လည်း ပြောသည်။

NLDပါတီချင်းပြည်နယ်အစိုးရ၏၅နှစ်တာသက်တမ်းချင်းပြည်နယ်ဖလမ်းမြို့နယ်တွင်ရပ်ကွက်၄ကွက်စာထပ်မံတိုးချဲ့ခဲ့ပြီးမြို့ပြစီမံကိန်းအတွက် မြေနေရာဧကထောင်ကျော်လျာထားပြီး၊ ဟားခါးမြို့တွင်လည်း ဇူလိုင်လ အစပိုင်းတွင့် မြေနေရာ ဧက (၆၇၆) ဧရိယာကို ချင်းပြည်နယ်အစိုးရမှ မြေကွက်ချပေးခဲ့ပြီး မြေနေရာ လျှောက်သူပေါင်း အိမ်ထောင်စု ၄၀၀ ကျော်ရှိကာ မဲနှိုက်စနစ်ဖြင့် မြေနေရာများ ရောင်းချပေးခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...