တိုင်းရင်းသားပါတီဦးစားပေးသောကြောင့်ချင်းပြည်နယ် တွင်နေရာအားလုံးဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဟုကြံ့ခိုင်ရေး ပါတီမှဆို

တိုင်းရင်းသားပါတီဦးစားပေးသောကြောင့်ချင်းပြည်နယ် တွင်နေရာအားလုံးဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဟုကြံ့ခိုင်ရေး ပါတီမှဆို

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားအရေးနှင့် တိုင်းရင်းသားပါတီ ဦးစားပေးသည့် အနေဖြင့် ချင်းပြည်နယ် ကိုယ်စားလှယ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ချင်းပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျူံးဘိတ်မှဆိုသည်။

ဦး ကျူံးဘိတ်က “ဗဟိုကော်မတီကလည်း တိုင်းရင်းသားအရေးကို ဦးစားပေးဖို့ မူဝါဒရှိပြီးသားဖြစ်တယ်၊ ဒီအကြောင်းကို ကျွန်တော်တို့ ပြည်နယ်၊ မြို့နယ်အောင်နိုင်ရေးအဖွဲ့တွေကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားတယ်၊ အဓိကတော့ တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်မည့်နေရာတွေကို ကျွန်တော်တို့ဦးစားပေးသွားမယ်ကျွန်တော်တို့တိုင်းရင်းသားပါတီနှင့် တိုင်းရင်းသားအရေးကို ဦးစားပေးတော့ ပြည်နယ်နေရာ အားလုံးကိုတော့ ဝင်ရောက်ယှဉ်မပြိုင်ဘူး” ဟု ပြောသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင်တစ်နိုင်ငံလုံးနှင့် ပြည်နယ်နေရာများတွင် ကိုယ်စားလှယ်နေရာ မည်မျှပါဝင်မည်ကို ဇူလိုင်၂၀ ရက်နေ့တွင်ပြည်သူများထံတရားဝင်အသိပေးမည်ဖြစ်ကြောင်း ဦးကျူံးဘိတ်က ဆိုသည်။

သူက “ချင်းပြည်နယ်ထဲမဟုတ်ဘူး၊ တစ်နိုင်ငံလုံးလည်း မြို့နယ်အဆင့်ကနေ ရွေးခံတဲ့သူတွေကို ဗဟိုက အတည်ပြုပေးမယ်၊ ဒါကိုတော့ ကျွန်တော်တို့ ဇူလိုင် ၂၀ ရက်နေ့မှာ သေချာလိမ့်မယ်၊ အဲဒီနေ့မှာပဲ ပြည်သူအားလုံးကို တရားဝင်ကြေညာပေးသွားမယ်” ဟု ဆိုသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရမှ ၂၀၁၁မှ ၂၀၁၆အထိတိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် NLDပါတီကိုရှုံးနိမ့်ခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...