ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးဟုန်းငိုင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရ

ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးဟုန်းငိုင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရ

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟုန်းငိုင်းသည် လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အတွင်းရေးမှူး ဦး ကျုံးဘိတ်ထံမှ သိရသည်။

“ပါတီအတွင်းက ဆန္ဒအရ ပါဝင်ဖို့ယှဉ်ပြိုင်ဖို့ ပြောကြတော့ သူလည်းဆက်ပါနေမယ်၊ ဘယ်အမတ်နေရာကနေ ပါဝင်မလဲတော့ ပြောလို့မရသေးဘူး၊ ဗဟိုက အတည်ပြုမှသာ ပြောလို့ရမယ်၊ သေချာတာတော့ သူ့နေရာ မင်းတပ်ကနေ ပါဝင်မယ်၊ ဗဟိုပါတီ ဆုံးဖြတ်ချက်ကိုလည်း ဇူလိုင်လ၂၀ ရက်နေ့မှာတော့ အကုန်သေချာလိမ့်မယ်” ဟု USDP ချင်းပြည်နယ် အတွင်းရေးမှူးက ပြောသည်။

ဆက်ပြီး သူက “ကျွန်တော်တို့ မြို့နယ် အောင်နိုင်ရေးနှင့် ပြည်နယ်အောင်နိုင်ရေးကော်မတီက ဘယ်သူက ဘယ်နေရာယှဉ်ပြိုင်မယ်ဆိုတာကို ရွေးမယ်၊ မြို့နယ်အသီးသီးက အရွေးခံရတဲ့သူတွေ စာရင်းကို ဗဟိုပါတီကို ပို့မယ်၊ သူတို့အတည်ပြုမှ ပြည်သူတွေကို အသိပေးမယ်” ဟု ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းသည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်နယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဖြင့် ပါဝင်အရွေးခံခဲ့ပြီး ၂၀၁၁မှ ၂၀၁၆ခုနှစ်အထိ ချင်းပြည်နယ်အစိုးရကို ဝန်ကြီးချုပ်နေရာဖြင့် ဦးဆောင်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းဦးဟုန်းငိုင်းသည်သမ္မတဦးသိန်းစိန်ဦးဆောင်သည့်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီအစိုးရလက်ထက်ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်မထမ်းဆောင်ခင်တွင်တပ်မတော်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဗိုလ်မူးချုပ်(ဒုတိုင်းမူး)အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီးစစ်အစိုးရခေတ်လက်ထက်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိချင်းပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးကောင်စီတွင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းဦးဟုန်းငိုင်းသည်၂၀၁၅ ရွေးကောက်ပွဲတွင်ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်နယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLDပါတီကိုယ်စားလှယ်ဦးတိတ်ထန်း (ယခုချင်းပြည်နယ်လွှတ််တော်ဒုဥက္ကဌ )ကို ရှုံးနိမ့်ခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...