မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ပြန်လည်လျှောက်ထား

မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ပြန်လည်လျှောက်ထား

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး စာချွန်တော် ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်တွင် ဇူလိုင် ၃ ရက်နေ့ ပြန်လည်လျှောက်ထားသည်ဟု ရှေ့နေ ဦးဖိုးဖြူထံမှ သိရသည်။

စီမံကိန်းရပ်ဆိုင်းပေးရေးအတွက် Phoe Phyu associate Law Firm အဖွဲ့က တရားလမ်းကြောင်းအတိုင်းလုပ်ဆောင်နေမှုသည် ယခု တတိယအကြိမ်ဖြစ်သည်ဟု သိရသည်။

“အမှုလက်ခံပေးဖို့အတွက် ကျွန်တော်တို့ ပဏာမ လျှောက်လဲချက်ကို လျှောက်ခဲ့ကြတာ ဖြစ်တယ်။ ပြည်တွင်းဥပဒေတွေ နိုင်ငံတကာဥပဒေတွေနှင့် မညီညွတ်တဲ့အခြေအနေတစ်ရပ်နှင့် အကောင်အထည်ဖော်ထားတဲ့ ဒီစီမံကိန်းကြီးကို တားမြစ်စေ စာချွန်တော် ချမှတ်ပေးဖို့အတွက် ကနဦးအနေနဲ့ ဒီအမှုကို လက်ခံပေးပါ။ ဒါမှ တစ်ဖက်ကိုလည်းဘဲ ဆင့်ခေါ်နိုင်ဖို့ လုပ်ငန်းစဉ်တွေကို ဆောင်ခင်းပေးပါ လို့ ကျွန်တော်တို့ လျှောက်လဲချက်တွေ ပေးခဲ့တာဖြစ်ပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူ က ဇူလိုင် ၃ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းမှုတွင်ပြောဆိုခဲ့သည်။

မြစ်ဆုံရေကာတာစီမံကိန်း ထာဝရတားဝရမ်းထုတ်ပေးဖို့အတွက် ရှေ့နေဦးဖိုးဖြူက ပထမ အကြိမ်အဖြစ် Asia World Company ကို ၂၀၁၉ အောက်တိုဘာလတွင် မြစ်ကြီးနားခရိုင်တွင် တရားစွဲဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု သိရသည်။ ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တွင် ထပ်မံလျှောက်ခဲ့သော်လည်း ထပ်မံပယ်ချခံရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူက ပြောပါသည်။

ထို့နောက် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ယခင်စစ်အစိုးရလက်ထက် တရုတ်ကုမ္ပဏီဖြင့်သဘောတူညီခဲ့သောစာချူပ်ကို ပြည်သူလူထုထံချပြရန် မိတ္တူကူးခွင့်ကို နေပြည်တော်တရားလွှတ်တော်တွင်ပြန်လည်လျှောက်ထားခဲ့သော်လည်း မအောင်မြင်ကြောင်း ထပ်မံပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာမှ အောင်မြင်သာကျေးရွာသစ်တွင်ရွေ့ပြောင်းခံခဲ့ရသော မြစ်ဆုံဒေသခံ ဒေါ်လုရာက သူ၏ ခံစားချက်ကို အွန်လိုင်းသတင်းစာရှင်းလင်းမှုမှတဆင့် ယခုလိုပြောဆိုခဲ့သည်။

“တန်ဖရဲမှာလည်း ကျွန်မတို့နေလို့မရဘူး။ အောင်မြင်သာမှာလဲ အခုထိ ပြေစာ မရသေးဘူး။ အဲ့တာကြောင့် ကျွန်မတို့ က အရင်လူတွေ ဧည့်သည်တွေဘဲဖြစ်နေတယ်။ အဲ့တာကြောင့်ကျွန်မတို့က ကိုယ့်ရဲ့ဌာနေဒေသ မြစ်ဆုံတန်ဖရဲ မှာဘဲ ကျွန်မတို့ ပြန်နေချင်တယ်။ ဒါပေမဲ့ ခုချိန်ထိ ကျွန်မတို့က ဘာဆိုတာ ဘာမှမသိသေးဘူး။” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်းကို လွန်ခဲ့သည့် စစ်အစိုးရလက်ထက်၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ယာယီရပ်ဆိုင်းခဲ့တာဖြစ်သည်။

စီမံကိန်းရပ်နားထားသည်ဆိုသော်လည်း စီမံကိန်းအကောင်ထည်ဖော်မည့် တရုတ်ကုမ္ပဏီဖြစ်သော SPIC က ဒေသခံများကို ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု သိရသည်။

အစိုးရဖွဲ့စည်းနိုင်လျှင် မြစ်ဆုံစီမံကိန်းသဘောတူစာချုပ်ကို ပြည်သူထံ ချပြမည်ဟု ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ အကောင်ထည်ဖော်ခဲ့ခြင်းမရှိသေးသည်ကို တွေ့ရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...