CNLD ပါတီမှ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ယှဉ်ပြိုင်မည့်သူများကို ဇူလိုင် ၂၅ တွင် အတည်ပြုမည်

CNLD ပါတီမှ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ယှဉ်ပြိုင်မည့်သူများကို ဇူလိုင် ၂၅ တွင် အတည်ပြုမည်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( CNLD) ပါတီမှ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများတွင် ယှဉ်ပြိုင်မည့်လူစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပါတီဗဟိုမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီ၏ ပူးတွဲဥက္ကဌ ဖြစ်သူ ပူးနိုထန်ကပ်က ပြောသည်။

ပူးနိူးထန်ကပ်က “အခုကတော့ မြို့နယ်အဆင့်နဲ့ ရွေးတာဖြစ်တယ်၊ ဆိုတော့ အတည်မဖြစ်သေးဘူး၊ ကျွန်တော်တို့ ဗဟိုပါတီကပဲ ဆုံးဖြတ်ပေးမယ်၊ လောလောဆယ်မှာတော့ ဘယ်သူက ချင်းရေးရာဝန်ကြီးနေရာပါမလဲဆိုတာတော့ ပြောလို့မရသေးဘူး” ဟုပြောသည်။

ချင်းရေးရာဝန်ကြီး ရွေးချယ်မှုနှင့်ပတ်သက်ပြီး ချင်းဝေါလ်မီဒီယာ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပါတီ၏ ပူးတွဲဥက္ကဌ ဖြစ်သူ ပူးနိုထန်ကပ်က ပြောဆိုခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နေရာအပြည့်ဝင်ပြိုင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင်လည်း အပြည့်ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်များတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအပြည့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လက်ရှိပါတီဥက္ကဌဖြစ်သူ ပူးငိုင်ဆာ့ခ်မှ အတည်ပြုပြောဆိုထားသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ၂၀၁၈ ခုနှစ််တွင်ပူးပေါင်းပြီး တစ်ပါတီအဖြစ် တည်ထောင်ထားခြင်းဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...