ချင်းပြည်နယ် တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စုစုပေါင်း ကျောင်းသူ/ သား တစ်သောင်းကျော်ရှိ

ချင်းပြည်နယ် တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စုစုပေါင်း ကျောင်းသူ/ သား တစ်သောင်းကျော်ရှိ
by -
ချင်းဝေါလ်
၂၀၁၆-၁၇ ခုနှစ် ချင်းပြည်နယ်တွင် တစ်ပြည်နယ်လုံး တက္ကသိုလ် ၀င်တန်းဖြေဆိုမည့် ကျောင်းသူ/ သား စုစုပေါင်း (၁၁၃၆၄) ဦး ရှိသည်ဟု ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်အလိုက် ဦးရေမှာ “ဟားခါးက ၂၀၇၆၊    ကျား ၈၃၆   မ ၁၂၄၀၊ တန်တလန် ၃၄၄ ၊    ကျား  ၁၅၀    မ   ၁၉၄၊ ဖလမ်း ၁၁၉၂၊  ကျား  ၄၇၀ မ ရ၂၂၊ တီးတိန် ၁၉၂၈   ကျား ၆၇၉  မ  ၁၂၄၉၊ တွန်းဇံ ၅၂၃  ကျား ၂၀၃  မ ၃၂၀၊ မင်းတပ် ၁၂၁၉   ကျား ၅၂၀  မ ၆၉၉၊ မတူပိီ ၁၄၃၇     ကျား  ၅၈၅   မ  ၈၅၂၊ ကန်ပလက် ၆၉၃       ကျား ၃၂၃   မ ၃၇၀၊ ပလက်ဝ ၁၉၅၂    ကျား    ၉၇၈   မ  ၉၇၄ ရှိပါတယ်” ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံ စာရင်း (၂) ဦးပါးကုန်က ပြောသည်။

ဆက်လက်ပြီး ကျောင်းသူ/သားမှာ ၀ိဇ္ဖာ ဘာသာအတွဲ (၇) ကို သင်ကြားသူ ပိုမိုများသည် ပြောသည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ ဖြေဆိုသူပေါင်း (၉၆၄၆) ဦးရှိရာ အောင်မြင်သူ ၁၄၁၄ ဦးဖြင့် အောင်ချက် ၁၄.၃၆ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၄-၁၅ ပညာသင်နှစ်တွင်မူ ဖြေဆိုသူပေါင်း (၉၆၃၈) ဦးရှိပြီး၊ ၁၇၂၀ ဦးအောင်မြင်ကာ ၁၇.၈၅ ရာခိုင်နှုန်းရရှိခဲ့သည်။

ချင်းပြည်နယ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် အောင်ချက်အနည်းဆုံးပြည်နယ်အဖြစ် နှစ်စဉ်လိုလို ရပ်တည်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် မွန်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးအဖြစ် ရပ်တည်လေ့ရှိပြီး၊ ၂၀၁၆ တွင် ၃၉.၃၇ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ (၈) ရက်နေ့တွင် စတင်ဖြေဆိုကြမည် ဖြစ်သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...