မြောက်ဦးတွင် တပ်မတော်စစ်ကြောင်းမှပစ်ခတ်၍ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဒဏ်ရာရ၊ သုံးဦးကို ဖမ်းဆီးထား

မြောက်ဦးတွင် တပ်မတော်စစ်ကြောင်းမှပစ်ခတ်၍ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဒဏ်ရာရ၊ သုံးဦးကို ဖမ်းဆီးထား

အောင်ထိန် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ တန်းမြင့်ကြီးကျေးရွာ၌ ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် တပ်မတော်ကပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးဒဏ်ရာရရှိကာ ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

အင်အား ၃၀၀ ခန့်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုသည် မြောင်းဘွေကျေးရွာဘက်မှလာပြီး အဆိုပါ ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာသဖြင့် ဦးသာလှအောင်၊ အသက် (၇၀)နှစ်၏ နောက်ကျောမှာ ကျည်ထိမှန်သွားခဲ့ကြောင်း ကျေးရွာသားများက ဆိုသည်။

တန်းမြင့်ကြီးကျေးရွာမှ အမည်မဖော်လိုသည့်ရွာသားတစ်ဦးက “ဒဏ်ရာက ပြင်းလား၊ မပြင်းလားဆိုတာတော့ မသိရဘူး။ သေသွားပြီလို့လည်းတစ်ချို့က ပြောနေကြတယ်။ အဲဒီနေရာမှာ တပ်ကရှိနေတော့ ဘယ်သူမှ မသွားရဲကြဘူး” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့ပြင် ကျေးရွာအတွင်းရှိနေအိမ်များကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကာ နေအိမ်အတွင်း၌ရှိနေသည့် ဦးမောင်သိန်းထွန်း အသက် (၆၂)နှစ်၊ ဦးကျော်မောင် အသက်(၄၂)နှစ်နှင့် ဦးစံရွှေခိုင် (၅၂)နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“အပြစ်မရှိတဲ့ပြည်သူတစ်ယောက်ကို မတရားထိခိုက်နစ်နာအောင်လုပ်မှာကို စိုးရိမ်မိတယ်”ဟု ဖမ်းဆီးခံရသူ ဦးမောင်သိန်းထွန်း၏ သားဖြစ်သူ ကိုသိန်းအောင်ဇံက ပြောသည်။

ယနေ့ည ၈ နာရီကျော်အချိန်၌ တပ်မတော်သားများသည် ကျေးရွာအတွင်း တပ်ဖြန့်လျက်ရှိကာ ဦးမောင်သိန်းထွန်း အပါအဝင် ၃ ဦးကို ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

အဆိုပါဖြစ်စဉ်ကြောင့် ရွာသူ၊ရွာသား ၇၀၀ ကျော်မှာ အနီးပတ်ဝန်းကျင်ရှိ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကိုသိန်းအောင်ဇံကဆိုသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...