မတူပီမြို့နယ် ဆဘောင်းပီကျေးရွာတွင် ၉တန်း၊၁ဝတန်း သင်ပေးမည့် ဆရာကို ရပ်ရွာမိဘများမှ ပိုက်ဆံစုပြီး ခေါ်ယူ

မတူပီမြို့နယ် ဆဘောင်းပီကျေးရွာတွင် ၉တန်း၊၁ဝတန်း သင်ပေးမည့် ဆရာကို ရပ်ရွာမိဘများမှ ပိုက်ဆံစုပြီး ခေါ်ယူ

မတူပီမြို့နယ် ဆဘောင်းပီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာလိုအပ်သဖြင့် ဒေသခံရပ်ရွာမိဘများမှ ပိုက်ဆံစု ဌားရမ်းထားပြီ ဖြစ်ကြောင်း သိရသည်။

ဆဘောင်းပီ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရိန်ယိုင်းက “လက်ရှိ အထက်တန်းပြဆရာက တစ်ယောက်တည်းရှိတော့ အထက်တန်းသင်ပေးမဲ့ ဆရာ/ဆရာမ ဌားဖို့လုပ်ထားတယ် ဒီမှာရှိတဲ့ မိဘတွေက အစိုးရက ခန့်မရခင် မိဘတွေ ကိုယ်တိုင် ပိုက်ဆံစုပြီးဌားဖို့ လုပ်တာဖြစ်တယ် လုပ်ချင်တဲ့သူတွေကိုရှာတာ ဆရာလေးယောက်တော့ ရပြီ” ဟု ပြောသည်။

ဆဘောင်းပီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုးတန်း၊ ဆယ်တန်း သင်ကြားပေးမည့် ဆရာ အလုံလောက် မရှိသဖြင့် ထိုအခက်ခဲကို ဖြေလျော့နိုင်ရေးအတွက် ရပ်ရွာမိဘပြည်သူများမှ အထက်တန်း သင်ကြားပို့ချပေးနိုင်မည့် ဆရာတစ်ဦးကို ညဏ်ပူဇော်ခ အဖြစ် တစ်လလျှင် လစာ ကျပ် သုံးသိန်း နှင့် ညစာကျက်ဝိုင်းကြီးကြပ်ခ ငါးသောင်းကျပ်တို့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆဘောင်းပီ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရိန်ယိုင်းက “တစ်ကျောင်းလုံးမှာ တစ်ကျောင်းလုံးမှာ ကျောင်းသားဦးရေ သုံးရာဝန်းကျင်ရှိတယ် အထက်တန်းက ကျောင်းသူကျောင်းသား အယောက် ငါးဆယ်လောက်ရှိတယ် ကျောင်းဖွင့်ရင် အထက်တန်းကျောင်းသားဦးရေက ဒီထက်မက ပိုလည်းများလာ နိုင်တယ” ဟု ပြောသည်။

မတူပီမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကျောင်းဆရာဆရာမ အလုံလောက် မရှိသည့် ကျောင်းအမြောက်များ ရှိနေသေးကြောင်းလည်း မတူပီမြို့နယ် ပညာရေးမှူးရုံးတွင် ကွန်ပြူတာ လုပ်ဆောင်ရေးမှူး ဦး တလုံကုတ်က ဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...