ဟားခါးမြို့ပြစီမံကိန်း မြေနေရာလျှောက်ထားမှုတွင် လျှောက်ထားသူဦးရေထက် မြေနေရာပိုများပြီး မြေနေရာမရရှိသူရှိမည် မဟုတ်ဟုဆို

ဟားခါးမြို့ပြစီမံကိန်း မြေနေရာလျှောက်ထားမှုတွင် လျှောက်ထားသူဦးရေထက် မြေနေရာပိုများပြီး မြေနေရာမရရှိသူရှိမည် မဟုတ်ဟုဆို

“အားလုံးက မြေနေရာရဖို့ ကျွန်တော်တို့ ဆွဲထားပြီးသားဖြစ်တယ်၊ မြေနေရာလျှောက်တဲ့သူက အိမ်ထောင်စု ၄၃ရခုဖြစ်ပြီးတကယ့်မဲနှိုက်မယ့်မြေနေရာက ၅၉၂ နေရာဖြစ်တဲ့အတွက် လျှောက်တဲ့အိမ်ထောင်စုထက်မြေနေရာကပိုများတယ်။ ဒါပယ်မယ့် ပေ ၁၀၀ ပတ်လည် လျှောက်တဲ့သူက နည်းလို့ သူတို့လည်း မတတ်သာဘူး၊ ပေ၈၀ ပတ်လည်လျှောက်တဲ့သူက များတယ်၊ ပထမ ဦးစားပေးအတွက် ပေ၈၀ ပတ်လည်က မြေနေရာ ၂၀၃ နေရာရှိတယ်။ ဒါပေမယ့် နှိုက်တဲ့သူက ၈၁ဦးပဲဆိုတော့ ၁ဝဝကျော်ကျန်တယ်။ ပေ၁၀၀ နဲ့ ပေ ၈၀ ပတ်လည်က ပထမတန်းစား၊ မဲနှိုက်လို့ မပေါက်တဲ့သူတွေက ဒုတိယတန်းစား မှာ မဲပြန်နှိုက်လို့ရလို့ မြေနေရာမရတဲ့သူရှိမှာ မဟုတ်ဘူး ၊ ပေ၈ဝပတ်လည် ကိုပဲလိုချင်တယ် အဲလိုမျိုးဆိုရင်တော့ မရပဲလည်းရှိနိုင်တယ် “ ဟု ဟားခါးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ Pu Ngun Vung  မှ ပြောသည်။

ဟားခါးမြိူ့ မြေနေရာလျှောက်ထားမှုတွင် မြေကွက် ၅၇၂ ကွက်ကို ပထမတန်းစား၊ ဒုတိယတန်းစား ၊ တတိယတန်းစားဖြင့် မဲနှိုက်စနစ်ဖြင့် အိမ်နေရာများ ချထားမှုကို ဇူလိုင် ၂ ရက် မနက် ဟားခါးမြို့တော်ခန်းမတွင် မဲဖောက်ပေးလျက်ရှိပြီး ဇူလိုင် ၃ရက်နေ့ထိ မဲဖောက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

Pu Ngun  Vung မှဆက်ပြီး “ကာယကံရှင်က သူတို့ကိုယ်တိုင် ပထမဦးစားပေးလျှောက်တဲ့ဟာကိုပဲ နှိုက်ခိုင်းတယ်၊ ဒီနေ့ကတော့ မြေနေရာကတော့ တော်တော်များများတော့ ရကြပြီ၊ ပထမတန်းစားမှာ မဲနှိုက်လို့ မပေါက်တဲ့သူတွေက ဒုတိယတန်းစား ပေ ၆၀၊ ပေ ၈၀ တွေမှာ ပြန်နှိုက်ခိုင်းပြီး မြေနေရာကတော့ အကုန်ရမှာပါ၊ပြောချင်တာက မနက်ဖြန်တော့ လူတော့ နည်းလာမယ်၊ မြေနေရာက အားလုံးရအောင် ဆွဲထားပြီးသားဖြစ်တယ်” ဟု ပြောသည်။

လက်ရှိမြေနေရာလျှောက်ထားမှုတွင် ပထမတန်းစားကို ပေ၁၀၀ × ၈၀ ၁ ပေ ပတ်ပတ်လည်ကို ကျပ်ငွေ ၁၅ဝဝကျပ်၊ ဒုတိယ ပေ၈၀×၆၀ ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၉၀၀ ၊ တတိယတန်းစား ပေ ၆၀×၄၀ ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၅၀၀ ဖြင့် သတ်မှတ်ထားသည်။

အစိုးရမှ မြေကွက်ပေါင်း ၈၀၀ ကျော်တွင် အစိုးရအဆောက်အဦး နှင့် ဘာသာရေးအဆောက်အဦးများအတွက် မြေနေရာချန်ထားပြီး မြေကွက် ၅၉၂ ကွက်ကို မဲနှိုက်စနစ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...