စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ အလုပ်အကိုင်လိုအပ်

စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ အလုပ်အကိုင်လိုအပ်

ခင်သရဖီဦး —  ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသမီးအချို့မှာ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေ၍ အလုပ်အကိုင်များလိုအပ်နေကြောင်း ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများမှာ အလှူရှင်များကိုသာအားကိုးနေရကာ အလှူရှင်များမရောက်ပါက စားဝတ်နေရေးအခက်အခဲရှိသဖြင့် ဝင်ငွေရရှိရန် အလုပ်အကိုင်လိုအပ်နေကြောင်း စစ်တွေမြို့ အမျိုးသားကျောင်းတိုက် ဘုန်တော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ဒေါ်အေးယဉ်သိန်းက ပြောသည်။

“မနက်မိုးလင်းတာနဲ့ သုံးဖို့ပိုက်ဆံက လိုအပ်ပြီ။ ကျန်းမာရေးမကောင်းတဲ့ အမေအိုတစ်ယောက်လည်းရှိတယ်။ ပြီးတော့ ကလေးကလည်းရှိတော့ ဝင်ငွေကလိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်းကျော်အထိရှိကြောင်း ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ဇူလိုင်အတွင်းကထုတ်ပြန်သည့် စာရင်းအရသိရပြီး ထိုအထဲတွင် အမျိုးသမီးနှင့်ကလေးငယ် ၇၀ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်းလည်း သိရသည်။

အလားတူ စစ်တွေမြို့ မေတ္တာပါရမီဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသူ ဒေါ်အေးဆန်းယဉ်က စခန်းတွင်း၌ အလုပ်တစ်ခုလုပ်ကိုင်လိုကြောင်း ပြောသည်။

“အလုပ်လုပ်ချင်ပေမယ့် ကလေး လေးယောက်ရှိတယ်။ ယောကျ်ားကလည်း မလေးရှားမှာ အလုပ်လုပ်နေတာ။ အခု ကျမက တစ်ယောက်တည်းဖြစ်နေတော့ ကလေးတွေကို ထိန်းမယ့်သူမရှိတော့ တော်တော်ခက်နေတယ်” ဟု ၎င်းကပြောသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ် များမှ နေရပ်စွန့်ခွာထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်ဦးရေ ငါးထောင်ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...