ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များ မဲပေးခွင့်ရရှိရန် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များ မဲပေးခွင့်ရရှိရန် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ တောင်းဆို

ဝင်းညွန့် — ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များ မဲပေးခွင့်ရရှိရန် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ(DHRC)မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့သည်။

လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က မွတ်ဆလင်များသည် တိုင်းပြုပြည်ပြုလွှတ်တော်နှင့် နောက်ပိုင်း ၂၀၁၀ ခုနှစ် အထိ အမျိုးသားအဆင့် ရွေးကောက်ပွဲများအားလုံးတွင် ရွေးချယ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များရရှိခဲ့ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်လည်း မဲထည့်ခွင့်ရရှိခဲ့ကြောင်း တောင်းဆိုစာတွင် ပါရှိသည်။

“၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်ခွင့်ရခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရခဲ့တယ်။ ၂၀၁၅ မှာ အစိုးရက ရွေးကောက်ပွဲမှာပါဝင်ခွင့်ကို ပိတ်ပင်ခဲ့တယ်။ အဲဒီတော့ ၂၀၂၀ မှာ ပါဝင်ခွင့်ပေးပါလို့ တောင်းဆို တာပါ” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRC) ဥက္ကဋ္ဌ ဦးကျော်မင်းက DMG သို့ ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူများ မဲဆန္ဒပေးခွင့် မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းဦးဆောင်၍ တင်ပြသော လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦး၏ အယူခံတင်သွင်းလွှာကို အတည်ပြုခဲ့သဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးသွားခြင်းဖြစ်သည်။

“လူမျိုးတစ်မျိုးရဲ့ အခြေခံရပိုင်ခွင့်တွေကို ပိတ်ပင်တာဖြစ်တယ်လို့သုံးသပ်မိတယ်” ဟု တောင်းဆိုချက်တွင် ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်မြောက်ပိုင်းမှ မွတ်ဆလင်အားလုံး၏ အိမ်ထောင်စုစာရင်းကိုလည်းကောင်း၊ ၂၀၁၀ ခုနှစ် မဲစာရင်းကိုလည်ကောင်း အခြေခံ၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် တောင်းဆိုထားသည်။

အလားတူ အမျိုးသားမှတ်ပုံတင်များ၊ ယာယီသက်သေခံကတ်ပြားများ သိမ်းယူထားခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးမှုမရှိခြင်းတို့ကြောင့် တောင်းဆိုရခြင်းဖြစ်သည်ဟုဆိုသည်။

၂၀၁၀ ခုနှစ်တွင် မောင်တောခရိုင်အတွင်းမှ မွတ်ဆလင်အမျိုးသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးထွန်းတို့ဖြစ်ခဲ့ကြောင်း ဒီမိုကရေစီနှင့် လူအခွင့် အရေးပါတီမှ သိရသည်။

ပုံစာ - UEHRD အစီအစဉ်ဖြင့် ပထမအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင်များအား တွေ့ရစဉ်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...