တပ်မတော်ကဖမ်းဆီးသွားသည့် မင်းပြားဒေသခံနှစ်ဦး လေးလကြာထိ သတင်းအစန မရသေး

တပ်မတော်ကဖမ်းဆီးသွားသည့် မင်းပြားဒေသခံနှစ်ဦး လေးလကြာထိ သတင်းအစန မရသေး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ ဖားပြိုကျေးရွာနေ ညီအကိုနှစ်ဦးအား တပ်မတော်သား များက ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ လေးလကျော်ထိကြာပြီဖြစ်သော်လည်း သတင်းအစနမရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုသန်းရွှေ အသက်(၃၆)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ကိုမောင်ဝင်းရွှေတို့နှစ်ဦးသည် မတ်လ ၁ ရက်နေ့က မိမိ ကျေးရွာမှ မင်းပြားမြို့ပေါ်သို့ ဈေးဝယ်ရန်သွားစဉ် ရာမောင်တံတားအနီးရှိ ယာယီတပ်စွဲထားသော တပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း ကိုသန်းရွှေ၏ ဖခင်ဦးဖြူကြီးကပြောသည်။

“သူတို့(တပ်မတော်)လက်ထဲရောက်သွားရင် အသက်ရှင်ဖို့ထက် သေဖို့ဖက်ကပိုများတော့ စိုးရိမ်တယ်။ တကယ်လို့ ကျနော့်သားတွေသာ အသက်ရှင်လျက် ရှိနေသေးမယ်ဆိုရင်တော့ သူတို့မှာအပြစ်ရှိတယ် ဆိုရင်လည်း ရုံးတင်ပေးပါ။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကဆက်၍ပြောသည်။

၎င်းတို့ ၂ ဦးမှာ ဖမ်းဆီးခံနေရစဉ်က တပ်မတော်မှ ရိုက်နှက်စစ်ဆေးနေသည်ကို မျက်မြင်တွေ့ခဲ့သူများက မိသားစုဝင်များထံသို့ အကြောင်းကြားလာသဖြင့် လိုက်ပါသွားခဲ့သော်လည်း မတွေ့ရှိခဲ့ရသည့်အပြင် ယနေ့ အချိန်ထိ သတင်းအစအန မရရှိသေးကြောင်း ဦးဖြူကြီးက ရှင်းပြသည်။

သို့ဖြစ်၍ မိသားစုဝင်များအနေဖြင့် ဇွန်လ (၃၀)ရက်နေ့က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ထံ တိုင်ကြားခဲ့သည်။

ရခိုင်လူူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “ကျနော်တို့အနေနဲ့တော့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဆီက အချက်အလက်တွေကို ယူထားတယ်။ ဒါတွေကို ဒီလအတွင်း မှာပဲ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံကို တိုင်တန်းသွားမယ်”ဟု ဦးမြတ်ထွန်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဖမ်းဆီးခံရသည့် ညီအကိုယ်နှစ်ဦးမှာ မိမိကျေးရွာ၌ ဖခင်ဖြစ်သူနှင့်အတူ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ဖားပြိုကျေးရွာ၌ မတ်လအတွင်းက ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း၊ မီးရှို့ခံရခြင်း စသည်တို့ကြောင်း နေအိမ် (၂၀)ကျော် မီးလောင်သွား၍ ကျေးရွာသား များကြောက်လန့်ကာ နီးစပ်ရာ သေကန်၊ အမ်းသား စသည့်ကျေးရွာများ၌ ခိုလှုံလျက်ရှိကြသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...