ထန်တလန်တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက် (၄၀) ကျော် ထပ်မံသေဆုံး

ထန်တလန်တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက် (၄၀) ကျော် ထပ်မံသေဆုံး

နှင်းနှင်း – ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် Porcine Circovirus Type -2 (PCV-2) ဟုခေါ်သော ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက်ကောင်ရေ (၄၀) ကျော်သေဆုံးခဲ့သည်ဟု ထန်တလန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေးကပြောသည် ။

“ဇွန်လထဲမှာ ဝက် (၄၄) ကောင်သေတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့ဇွန် (၂၇) ကစပြီး ဒီနေ့ထိ ဝက်တွေမသေတော့ဘူး” ဟုဒေါက်တာ လျန်ဘွေးကပြောသည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစ၍ အိမ်မွေးဝက်များသည် ဆာကိုဗိုင်းရပ်စ်ကြောင့် အစာမစား၍ အားနည်းခြင်း၊ ဖျားနှာပြီး ရောဂါပြင်းထန်သည့်အတွက် သေဆုံးခဲ့ကြပြီး (၃) လအတွင်း ဝက်သေဆုံးမှုမှာ (၂၃၄) ကောင်ရှိပြီဟုသိရသည်။

လက်ရှိအချိန်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းအနေနှင့်  ထန်တလန်မြို့ပေါ်တွင် ဝက်အဝင်/အထွက်များကိုပိတ်ထားကာ ဝက်ပိုင်ရှင်များကိုလည်း ဝက်ခြံများ သန့်သန့်ရှင်းရှင်းထားရန်၊ ဝက်ခြံအောက်တွင် ရေမဝပ်စေရန်၊ ဝက်ချေးများကို မနက်တိုင်းဖယ်ရှားရန်၊ ပိုးသတ်ဆေးမဖျန်းနိုင်လျှင် ထုံးဖြူးပေးရန် အစရှိသည်တို့အပါအဝင် အသိပညာပေးအစီအစဉ်များ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ထန်တလန်မြို့တွင် ဝက်သားများရောင်းချခြင်းမပြုရန်နှင့် ဝက်များသယ်ယူခွင့်ကို ပိတ်ထားဆဲဟုသိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...