ကျောင်းသုံးစာအုပ် သင်ရိုးသစ်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် ခမီနှင့် ကမန်လူမျိုးအမည် မှားယွင်းနေ

ကျောင်းသုံးစာအုပ် သင်ရိုးသစ်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် ခမီနှင့် ကမန်လူမျိုးအမည် မှားယွင်းနေ

ခင်သရဖီဦး — ၂၀၂၀-၂၁ ပညာသင်နှစ်၏ သတ္တမတန်း ပထဝီဘာသာရပ် ကျောင်းသုံးစာအုပ်တွင် ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုဝင်များဖြစ်ကြသည့် ခမီနှင့် ကမန်လူမျိုးတု့ိ၏အမည်များမှာ မှားယွင်းနေ၍ ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ကြောင်း ခမီနှင့် ကမန်တိုင်းရင်သားများက ဆိုကြသည်။

အဆိုပါ ကျောင်းသုံးစာအုပ်တွင် ခမီအား “ခမွီး”ဟု မှားယွင်းစွာရေးသားထားပြီး ကမန်ကို “ကမန်း”ဟု မှားယွင်းစွာရေးသားထားသည်။

ထိုသို့မှားယွင်းစွာရေးသားထားခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုးဦးစီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း ခမီစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရသည်။

“ရခိုင်မျိုးနွယ်စုထဲမှာပါတဲ့ ခမီလူမျိုးတွေကို မထီမဲ့မြင်လုပ်ဖို့ မကောင်းဘူး။ ဒီလိုရေးသားလိုက်တဲ့အတွက် အနာဂတ်မှာ အရိုးစွဲသွားနိုင်တယ်။ ခမီဆိုတဲ့ သမိုင်းမှတ်တိုင်တစ်ခုကိုလည်း ဖျက်ဆီးရာရောက်တယ်” ဟု ခမီ အမျိုးသားရေးဆောင်ရွက်နေသူ ဦးအင်္ဂါအောင်က ပြောသည်။

ခမီလူမျိုးများကို “ခမွီး”ဟု မခေါ်ဘဲ ခမီလူမျိုးဟုသာခေါ်ရန်အတွက် ၂၀၁၄ ခုနှစ်က လူထုဆန္ဒခံယူပွဲပြုလုပ်ကာ သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြအတည်ပြုထားပြီးဖြစ်ကြောင်း ခမီစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလေကျော်အောင်ကပြောသည်။

အလားတူ ကမန်လူမျိုးများအနေဖြင့်လည်း သင်ရိုးသစ်တွင် “ကမန်း”ဟုအမည်မှားယွင်နေခြင်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနအပြင် တိုင်းရင်းသားရေးရာဝန်ကြီးဌာသို့ စာတင်ရန် စီစဉ်နေကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကဆိုသည်။

“ပညာရေးဝန်ကြီးဌာနကို အမှားပြင်ဆင်ချက်ပေါ့နော် ပြန်လည်ပြင်ဆင်ပေးဖို့အတွက် ကျနော်တို့ပါတီ အနေနဲ့ရော၊ လူမျိုးစုအနေနဲ့ပါ တောင်းဆိုဖို့အတွက်ကို စီစဉ်နေတယ်။ ကျွန်တော်တို့ ရှေ့အပတ်လောက်မှာ စာတင်သွားမယ်” ဟု ၎င်းကဆက်၍ရှင်းပြသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးတွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်တို့ပါဝင်သည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...