ရခိုင်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေအရ ကြေငြာမည်

ရခိုင်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေအရ ကြေငြာမည်

မင်းထွန်း — ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ရခိုင်ပြည်နယ်၌ ကျင်းပဖြစ်၊ မဖြစ်ကို လုံခြုံရေးအခြေအနေကို ကြည့်ပြီးမှ ကြေငြာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ရန်ကုန်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ၌ ရွေးကောက်ပွဲကော်မရှင်က ယင်းသို့ပြောဆိုခဲ့ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးလှတိုးက ပြောသည်။

“ရခိုင်မှာ ရွေးကောက်ပွဲလုပ်ဖို့လို့တော့ ကော်မရှင်ကပြောတယ်။ ဒါပေမယ့် သူတို့က လုံခြုံရေးအခြေအနေကို ကြည့်ပြီးမှ ကြေငြာမယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

အဆိုပါတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်က ရခိုင်အမျိုးပါတီပါတီ(ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အပါအဝင် လူမျိုးစုပါတီငယ်များဖြစ်သည့် ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီစသည့် ပါတီများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲမကျင်းပမည်ကို ရခိုင်နိုင်ငံရေး ပါတီကြီးများနှင့် လူမျိုးစုကိုအခြေခံသည့် နိုင်ငံရေးပါတီငယ်များက စိုးရိမ်နေကြသည်။

သို့သော် ပါတီငယ်များရှိသည့်ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့လျှင် ပါတီငယ်များအတွက် တစ်မျိုးစဉ်းစားပေးမည်ဟု ကော်မရှင်ကပြောဆိုခဲ့ကြောင်း မြိုအမျိုးသားဒီမိုကရေစီပါတီ ရန်ကုန်ဌာနခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးယက်သဲ့အောင်ကဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်က ကြေငြာတဲ့အချိန်ကျမှ အဲဒီဒေသတွေ မပါခဲ့ဘူးဆိုရင် ပါတီငယ်လေးတွေ အတွက်ကို တစ်မျိုးစဉ်းစားပေးပါမယ်လို့ ပြောထားတာရှိတယ်” ဟု သူကပြောသည်။

ရခိုင်ပြည်နယ်နှင့် “ဝ”ဒေသတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီး ဌာနများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးမှာလည်း မသေချာသေးပေ။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...