ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦး ထွက်ပြေး

ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦး ထွက်ပြေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က မြို့မရဲစခန်းအချုပ်ကိုဖောက်ကာ အချုပ်သား ၃ ဦးထွက်ပြေးမှု ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၎င်းအချုပ်သား (၃)ဦးသည် အချုပ်ခန်းရှိ ရေချိုးခန်းနှင့် အိမ်သာခန်းရှိ ခေါင်မိုးကိုဖောက်ပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG သို့ပြောသည်။

“သူတို့ကတော့ ရက်အကြာကြီးကတည်းက ကြိုတင်လုပ်ထားပုံရတယ်။ ခေါင်မိုးကို ဖောက်ပြီးပြေးသွားတာ ဆိုတော့ လုံခြုံရေးက အပြင်က၊ အတွင်းကနေရှိနေတဲ့ကြားထဲက ထွက်ပြေးသွားတာ”ဟု ၎င်းကဆိုသည်။

ထိုသို့ထွက်ပြေးသွားသည့် အချုပ်သားများမှာ ချင်းပြည်နယ် မတူပီမြို့နယ်ဘက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသူတစ်ဦးနှင့် ရသေ့တောင်မြို့နယ်အတွင်းမှ ဖုန်းခိုးမှုဖြင့် အချုပ်ကျနေသူ နှစ်ဦးတို့ ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ရှင်းပြသည်။

ရသေ့တောင်မြို့မရဲစခန်းမှ တပ်ကြပ်ကြီးလှရွှေက အချုပ်သားများထွက်ပြေးသွားသည်ဆိုသောဖြစ်စဉ်မှာ မှန်ကန်သော်လည်း အသေးစိတ်ကို ပြောခွင့်မရှိဟုဆိုသည်။

မြို့မရဲစခန်းသည် ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်တွင်ရှိကာ မြို့အဝင်ချောင်းနှင့် နီးကပ်စွာရှိနေသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...