ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာသားများ စားဝတ်နေရေးအခက်ကြုံနေရ

ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာသားများ စားဝတ်နေရေးအခက်ကြုံနေရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာမှ ရွာသူ၊ ရွာသားများမှာ စားသုံးကုန်ပစ္စည်းများဝယ်ယူရန် သွားရောက်ခွင့်မရသဖြင့် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတွင် မေလဆန်းပိုင်းမှစ၍ တပ်မတော်က တပ်စွဲထားကာ လက်ရှိတွင် ကျေးရွာပြင်ပသို့ထွက်သူများအား ပစ်ခတ်မှုများရှိနေကြောင်း ရွာသားများကဆိုသည်။

“ကျွန်တော်တို့က တောင်ယာတွေကိုလုပ်ကိုင်ဖို့သွားရင်လည်း သူတို့က(တပ်မတော်)ပစ်ခတ်တယ်။ ကျွန်တော် တို့လည်း နောက်ထပ်မသွားရဲတော့ဘူး။ တောင်ယာတွေမလုပ်ရရင် ကျနော်တို့ ဘာနဲ့စားမှာလဲ” ဟု အမည် မဖော်လိုသည့် ပိန္နဲတောကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိကျေးရွာသားများမှာ မိမိတို့တွင်ရှိသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေထိုင်နေကြရပြီး ဆီ၊ ဆား၊ ငရုတ် စသည်တို့ကိုလည်း ဝေမျှသုံးစွဲနေရကြောင်း ဒေသခံများကဆိုသည်။

ထို့သို့စားဝတ်နေရေးအပြင် ကျန်းမာရေးကိစ္စများမှာလည်း အခက်အခဲများစွာ ဖြစ်နေရကြောင်း ပိန္နဲချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းစိန်က ပြောသည်။

“ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ကိုသွားလို့လည်းမရဘူး။ ပိုးရွှီပြင် ဖက်သွားရင်လည်း သုံးနာရီလောက်ကြာတယ်။ အဲလောက်ကြာရင် အရေးပေါ်ဖြစ်နေတဲ့သူ ဆုံးသွားမှာပေါ့” ဟု ဦးအေးထွန်းစိန်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရရှိခဲ့ပေ။

ယခုကဲ့သို့ ကျေးရွာမှထွက်မရပါက နောင်တစ်လခန့်ကြာလျှင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်သဖြင့် သက်ဆိုင်ရာအစိုးရမှ ကူညီဆောင်ရွက်ပေးရန် ကျေးရွာသားများမှ တောင်းဆိုကြသည်။

ပိန္နဲချောင်းကျေးရွာသည် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ကားလမ်းမပေါ်တွင်ရှိကာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...