ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ယနေ့မှစ၍ ၃ ရက်တိတိ လေယာဉ်စမ်းသပ် ဆင်းသက်မည်

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ယနေ့မှစ၍ ၃ ရက်တိတိ လေယာဉ်စမ်းသပ် ဆင်းသက်မည်

Salai Khup Khup — ဖလမ်းမြို့အနီးတွင်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ပထမဆုံး လေယာဉ်ဆင်းသက်မှု ကို ဇွန်လ၂၅ ရက်နေ့တွင် စတင် စမ်းသပ်ဆင်းသက်သွားမည်ဖြစ်ပြီး ၃ ရက်တိတိ စမ်းသပ် ဆင်းသက်မည်ဖြစ်ကြောင်းလည်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်က “ရန်ကုန်ကနေလာမယ် ဒီမနက် ၉ နာရီနောက်ပိုင်း ရောက်လာပြီး ဆင်းမယ်လို့ မျော်မှန်းထားတယ် မြန်မာ့လေကြောင်းကနေ ၁၄-၁၅ ယောက်စီးလေယာဉ် အသေးနဲ့ စမ်းသပ်ဖို့ လုပ်နေတာဖြစ်တယ် ဒီနေ့ကစီပြီး သုံးရက်လောက် စမ်းသပ်မယ် အခြေနေကောင်းရင် လေယာဉ်အကြီးတွေ ဆင်းသက်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရတယ်”ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ပထမဆုံး လေယာဉ်ဆင်းသက်မှုကို မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် စမ်းသပ်ဆင်းသက်မှုကို ပြုလုပ်သွားမည် ဖြစ်ပြီး ဆူရ်ဘုန်လေယာဉ်ကွင်း ပြီးစီးမှုပိုင်းမှာလည်း ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒီနေ့စမ်းသပ်တာ ဘယ်လိုဖြစ်မလဲတော့ မသိဘူး လုပ်ထားတာတော့ နိုင်ငံတကာ စံချိန်မှီနဲ့ လုပ်ထားတာဘဲ ဒီလေယာဉ်ကွင်းက မြန်မာနိုင်ငံတစ်ခုထဲမှာသာ မက အရှေ့တောင်အာရှမှာလည်း အမြင့်ဆုံးလေယာဉ်ကွင်း ဖြစ်မှာပေါ့ ရာသီဥတု ဆိုးတဲ့အချိန်ဖြစ်ဖြစ် ဘယ်လို ရာသီဥတုမျိုးမျိုးဖြစ်ဖြစ် နေ့နေ့ညည ဆင်းနိုင်အောင် အဆင့်မြင့် စက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ အကောင်းဆုံး လေယာဉ်ကွင်းလို့ သိရတယ်”ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် လေယာဉ်စမ်းသပ်ပြီးစီးအောင်မြင်ပါက လေကြောင်းဦးစီးဌာန၏ စီစဉ်မှုအတိုင်း လေယာဉ်များ ပြေးဆွဲကြတော့ မည်ဖြစ်ပြီး လေယာဉ်ကွင်း ဖွင့်ပွဲကိုလည်း လေကြောင်းဦးစီးဌာနမှ ပြည်ထောင်စုတွင် ခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက် ရရှိသည့်အချိန်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းအတွင်း လိုအပ်သည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများ အတွက်လိုသည့် ကုန်ကျစရိတ် ကျပ်ငွေ ၃၅ ဘီလီယံ နီးပါးအသုံးပြုကာ လက်ရှိလေယာဉ်ကွင်း တည်ဆောက်ပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...