တိုက်ပွဲများကြောင့်ပလက်ဝမှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် ကလေးများ ကျောင်းသုံး ပစွည်းများလိုအပ်နေ

တိုက်ပွဲများကြောင့်ပလက်ဝမှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် ကလေးများ ကျောင်းသုံး ပစွည်းများလိုအပ်နေ

Salai Khup Khup — တိုက်ပွဲများကြောင့် ပလက်ဝမှ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ဖက်သို့ ပြောင်းရွှေ့နေထိုင်သည့် စစ်ဘေးရှောင် ကျောင်းနေအရွယ် ကလေးများတွက် ကျောင်းဖွင့်ချိန်နီးလာပြီဖြစ်သဖြင့် ကျောင်းသုံးစရိတ်များ လိုအပ်နေကြောင်း သိရသည်။

ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI မှတွဲဖက် အတွင်းရေးမှူး ဦးပိုင်နန်းက “ကျောင်းကလည်း ဖွင့်တော့မယ်လို့ သိရတယ်၊ လက်ရှိ ကျောင်းသား ကျောင်းသူ ဦးရေကလည်း ၆၁ ယောက်ရှိတယ်၊ ကျောင်းဖွင့်ပြီဆိုရင် ကျောင်းဝတ်စုံတွေ၊ လွယ်အိတ်၊ စာအုပ် နောက်ပြီး မိုးတွင်းကျရင် ထီးတွေ စတဲ့ လိုအပ်ချက်လေးတွေ ရှိလာတယ်၊ အဲဒီအတွက်လည်း အလှူ ငွေလက်ခံနေပြီ”ဟုပြောသည်။

ပလက်ဝမြို့စစ်ဘေးရှောင်စခန်းမှ ရန်ကုန်၊ မှော်ဘီမြို့ရောက်နေသည့် ပြောင်းရွှေ့ အိမ်ထောင်စု ၁၄၆ အိမ်ထောင်စုရှိပြီး လက်ရှိ လူမှုအဖွဲ့အစည်းများမှ ထောက်ပ့ံ ကူညီပေးလျက်ရှိကြောင်း သိရသည်။

RRCCI မှတွဲဖက် အတွင်းရေးမှူး ဦးပိုင်နန်းက “မှော်ဘီမှာရောက်နေတဲ့ ပြောင်းရွှေ့စစ်ဘေးရှောင်တွေအတွက် အစိုးရဖက်ကိုလည်း တင်ပြထားတယ်၊ အစိုးရဖက်ကလည်း ဒါကိုလက်ခံစဉ်းစားပေးနေပြီ၊ လက်ရှိကတော့့ မိသားစု တစ်စုမှာ တဲတစ်လုံးစီနဲ့နေနေတယ်” ဟု ပြောသည်။

လက်ရှိပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်နေသည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...