ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးထပ်မံတပ်ဆင်ပေးရန် တောင်းဆို

ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးထပ်မံတပ်ဆင်ပေးရန် တောင်းဆို

မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်ဒေသခံအိမ်ခြေတစ်ချို့က ပြည်နယ်အစိုးရထံ တောင်းဆိုထားသည့်အတိုင်း လျှပ်စစ်မီးအမြန်လိုချင်ကြောင်း ပြောဆိုနေကြသည်။

မီးတပ်ဆင်ပေးရန်လိုအပ်နေသေးသော အိမ်ခြေ ၂၁၉ အိမ်အတွက် ပြည်နယ်အစိုးရထံ ၂၀၁၈ မေလ ၂၄ ရက်ကတည်းက စာရင်းတင်ပြတောင်းဆိုခဲ့ပြီးဖြစ်သော်လည်း လက်ရှိချိန်ထိပြန်လည်တုန့်ပြန်အကြောင်းကြားမှုမရရှိသေးကြောင်း သိရသည်။

“လုံးလုံးမတပ်ဆင်ရသေးတာကို ကျွန်တော်တို့ဘယ်သူဘယ်ဝါ မရရှိသေးဘူးဆိုတာလည်း စာရင်းဇယားနှင့်တကွ တင်ပြထားပြီးသားဖြစ်တယ်။ ဓါတ်တိုင်စိုက် ကြိုးကြီးဆွဲတဲ့ အဆင့်တော့လုပ်ထားကြပြီ။ ဒါပေမဲ့အိမ်တိုင်ရာ မီတာတပ်ဆင်ပေးဖို့ ဘယ်နေ့ ဘယ်ချိန်တပ်ဆင်ပေးသွားမယ်ဆိုတာအကြောင်းမပြန်သေးဘူး” ဟု ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသောင်းဆာက ပြောသည်။

ငွေပျော်စံပြကျေးရွာတွင် ၂၀၁၄ ခုနှစ်ကတည်းက နေရာချထားသည့် စစ်ရှောင်အိမ်ခြေများကို ယခင်အစိုးရက လျှပ်စစ်မီးတပ်ဆင်ပေးခဲ့ပြီဖြစ်ပြီး နောက်ပိုင်းမှ ပြန်လည်နေရာချလာသူများအတွက်လည်း မီးတပ်ဆင်ရန်လိုအပ်နေသေးသဖြင့် လက်ရှိအစိုးရထံ တင်ပြတောင်းဆိုထားခြင်းဖြစ်သည်ဟု သိရသည်။

မီး မရရှိသေးသော ဒေသခံပြည်သူများအနေဖြင့် အခက်ကြုံနေရပြီး လျှပ်စစ်မီးအမြန်ဆုံးတပ်ဆင်ပေးရန် လိုအပ်နေကြောင်း ယခုလိုပြောပါသည်။

“’မီးမရဘဲ နေခဲ့တော့ ကလေးတွေလည်း စာကျက်ချိန်တိုင်း အရမ်းဒုက္ခရောက်နေတယ်။ မီးတပ်ဆင်ပေးတော့မယ် ပေးတော့မယ်ဆိုပြီး ပြောနေတာကြာလှပြီ ခုချိန်ထိ မပေးသေးဘူး။ ကျွန်မတို့လည်းမီးဘဲမျှော်နေရတယ်။ ဆိုလာပြားပဲသုံးနေရတာ ခုလိုမိုးတွင်းရောက်တိုင်းအရမ်းဒုက္ခရောက်ရတယ်။ ဒါကြောင့်အမြန်ဆုံးမီးတပ်ဆင်ပေးဖို့တောင်းဆိုချင်တယ်။” ဟု ငွေပျော်စံပြကျေးရွာဒေသခံ ဒေါ်ခေါန်နူးက ပြောပါသည်။

ငွေပျော်စံပြကျေးရွာ စတည်ချိန် ယခင်အစိုးရလက်ထက်က အိမ်ခြေစုစုပေါင်း ၁၈၆ ကို လျှပ်စစ်မီးတပ်ဆင်ခဲ့ပြီးနောက် ယခုအစိုးရလက်ထက်တွင်လည်း နောက်ပြန်လည်အခြေချသူများက လျှပ်စစ်မီးရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...