ရသေ့တောင်တွင် တိုက်ပွဲဖြစ်ကာ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရ

ရသေ့တောင်တွင် တိုက်ပွဲဖြစ်ကာ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရ

ခိုင်ရိုးလ — ရသေ့တောင်မြို့နှင့် မလှမ်းမကမ်းရှိ ပြားချောင်းကြီးတံတားအနီးတွင် ဇွန် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ မြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ကျည်ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပစ်ခတ်သည့်လက်နက်ကျည်များမှာ မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်စခန်းသို့ ကျရောက်လာကာ စစ်ဘေးရှောင်တစ်ဦးထံ ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျည်ထိမှန်သူ ဦးမောင်အေးညွန့်မှာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာမှ နေရပ်စွန့်ခွာကာ မြို့ပေါ်တွင် လာရောက်ခိုလှုံနေသူဖြစ်သည်။

“ရသေ့တောင်မြို့အထွက် ပြားချောင်းကြီးတံတားအနားမှာ နှစ်ဘက်တိုက်ပွဲဖြစ်ကြတယ်။ အဲဒီမှာ မြို့ထဲဘက်ကို ကျည်ဆံတွေ လာထိတဲ့အတွက် ရွှေပါရမီစစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ညောင်ပင်လှက အသက် ၅၀ ဝန်းကျင်ယောက်ျားတစ်ဦး ဒဏ်ရာရထားတယ် ” ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသည့် ကိုဘက္ကာက ပြောသည်။

ဦးမောင်အေးညွန့်မှာ ရွှေပါရမီစစ်ဘေးရှောင်စခန်းတွင်ရှိနေစဉ် ၎င်း၏ခြေနှစ်ဖက်လုံးတွင် ကျည်များထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အခုလူနာကို ရသေ့တောင်ဆေးရုံမှာ အရေးပေါ် ဆေးကုသနေတယ်။ စစ်တွေကို ယူလာမယ့် အခြေအနေရှိတယ်” ဟု ကိုဘက္ကာက ဆိုသည်။

လက်ရှိတွင် ရသေ့တောင်မြို့ပေါ်ရှိ တပ်မတော်တပ်ရင်း (၅၃၈)ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးမှုများရှိနေပြီး ဒေသခံများမှာလည်း စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ရသေ့တောင်မြို့ထဲမှာရှိတဲ့ ရွှေပါရမီကျောင်းက စစ်ဘေးရှောင်တစ်ယောက် ဒဏ်ရာရသွားတယ်။ တပ်ကလည်း တအားပစ်ခတ်နေတော့ ဒေသခံတွေက ကြောက်ပြီးဝပ်နေကြတယ်။ ခေါင်းတောင်မဖော်ရဲကြဘူး ”ဟု ဆိုသည်။

ယခု တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရွှေပါရမီစစ်ဘေးရှောင်စခန်းမှာ ၅ ဖာလုံခန့်သာ ကွာဝေးကြောင်းလည်း သိရသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...