မယ်လဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးပြား ထောင်ချီဖမ်းမိ

မယ်လဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးပြား ထောင်ချီဖမ်းမိ

စအိုင်ဆူး — ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သော မယ်လဒုက္ခသည်စခန်းတွင်းသို့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မိသားစုနေ အိမ်တစ်အိမ်တွင် စိတ်ကြွဆေးပြား ထောင်ချီဖမ်းဆီးရမိခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ထိုင်းတပ်မတော်၊ ရဲနှင့် စခန်းလုံခြုံရေးစသည့်ပူးပေါင်းအဖွဲ့မှ မယ်လဒုက္ခသည်စခန်း၏ ဇုန် (B-5B) ရှိ အိမ်နံပါတ်(၉၂)မှ အိမ်ရှင် နော်မုမု ဆိုသူ၏ နေအိမ်သို့ အနံ့ခံခွေးများဖြင့် ရှောင်တခင် လာရောက်စစ်ဆေးရာ စိတ်ကြွဆေးပြားထုပ်များကို ဖမ်းဆီးရမိခဲ့ကြောင်း ဇုန်(B) လုံခြုံရေး တာဝန်ခံ စောရွှေဝင်းမြိုင်က ပြောသည်။

၎င်းက “စစ်သားတွေ၊ ရဲတွေ စခန်းလုံခြုံရေးအဖွဲ့တွေက ကျနော်တို့ဒီကရပ်ကွက်တာဝန်ရှိသူတွေကို ဘာမှအကြောင်းမကြားဘဲ ဝင်လာပြီး စစ်ဆေးတာ။ အဲ့မှာ (၅)ထုပ် အရင်မိတယ်။ အဲ့ဒါပြီးတော့ စခန်းလုံခြုံရေးက ကျနော်တို့ကို အကြောင်းကြားပြီး ထပ်သွားရှာတော့ အလုံးရေ (၂,၄၀၀) ထပ်မိတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးရာတွင် အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီးနေအိမ်ရှိ ကျန်ရှိသည့် မိသားစုဝင်(၄) ဦးဖြစ်သည့် အဘွားအိုတစ်ဦး၊ ညီမတော်စပ်သူတစ်ဦး၊ အဒေါ်တော် စပ်သူတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ခေတ္တယာယီခေါ်ဆောင်သွားကြောင်း စောရွှေဝင်းမြိုင်က ဆက်ပြော သည်။

ထို့နောက် သတင်းအရ ၎င်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူမှာ အသက် (၂၇) နှစ်အရွယ် စောအဲငဲဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ လက်တွဲလုပ်ဆောင်သူ တစ်ဦးကို ဖမ်းဆီးရမိ၍ ကာယကံရှင်ကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်းမိခင်ဖြစ်သူမှ ဖုန်းဆက်ခေါ်သော်လည်း ပြန်လာအဖမ်းခံခြင်းမရှိကြောင်း မယ်လ စခန်း၏ လုံခြုံရေး ဒု-တာဝန်ခံ စောအယ်မွီးက အတည်ပြုသည်။

၎င်းက “သူအမေက ပြောလိုက်တယ်။ သားရေ ပြန်လာခဲ့ပေါ့။ ဒီမှာသူများငါတို့ကို ဖမ်းနေပြီးပေါ့။ သားပြန် လာ မှ ဒီက ဖမ်းထားတဲ့သူတွေ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ကာယကံရှင်က သေသေရှင်ရှင် မပြန်လာဘူးတဲ့။ အခု သူနေတဲ့ နေရာကိုသူများ GPS နဲ့ လိုက်တာ နေရာကို သိနေပြီ။ အဲ့ဒါ သူကပြောသေးတယ်။ လာဖမ်းရဲရင် လာဖမ်းပေါ့။ သူ့မှာက လက်နက်ရှိနေတယ်” ဟု ကေအိုင်စီသို့ပြောသည်။

မယ်လ ဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးဝါး စစ်ဆေးမှုကို ထိုင်းအာဏာပိုင်များမှ တစ်လတစ်ခါ စစ်ဆေး ဆောင်ရွက်မှုများ ပြုလျက်ရှိကာ မကြာခဏ ဖမ်းဆီးရမိမှုများရှိပြီး လက်ရှိ ဖမ်းဆီးရမှုသည် သတင်းအရ လာရောက်ဖမ်းဆီးသည့် ပုံစံဖြစ်သလို ပမာဏ အများဆုံး ဖမ်းဆီးရမှုလည်း ဖြစ်ကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...