နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နှစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ(၁၇) ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့ အနောက်မြောက်ဘက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng (ကာလိုင်)ကျေးရွာအုပ်စု Nawng Maw Bum (နောင်မော့တောင်)သို့ တပ်မတော်စစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် KIA ဘက်က ခုခံယင်း တိုက်ပွဲဖြစ်ပွားရကြောင်း KIA တပ်မဟာ (၄) အရာရှိ တစ်ဦးယခုလို အတည်ပြုပြောပါသည်။

“မြန်မာစစ်တပ် ထိုးစစ်ဆင်လာတာကတော့ သုံး၊ လေးရက်လောက်ရှိပြီ၊ သုံးနေရာ ကနေ မိမိသို့ စခန်းဆီ တက်လာတာပါ။ တပ်မ (၈၈) နဲ့ တခြားတပ်ရင်းတွေ ပူးပေါင်းတဲ့ စစ်ကြောင်းတွေ စုစုပေါင်း အင်အား ၄၀၀ လောက်ရှိမယ်” ဟု သူက ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့ ပြောပါသည်။

ယခုတိုက်ပွဲသည် KIA တပ်ရင်း (၈) လက်အောက် Kaleng တိုက်နယ်ရုံးကို လုံခြုံရေးပေးသော KIA အထူးလှုပ်ရှားရေးတပ်ရင်း (Mobile Battalion) (၂၉) နှင့် ‘နယ်မြေရှင်းလင်းရေးခေါင်းစဉ်’ ဖြင့် ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။

လွန်ခဲ့သော တစ်ပတ်ကျော်မှာလည်း မူဆယ်မြို့နယ်အတွင်း KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) အခြေစိုက်စခန်း Htan Hpa Bum (ထန်းဖါတောင်) ကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းမှ ဇွန်လ (၆)ရက် မှ (၇) ရက် ထိ နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကာလ တပ်မတော်က ၎င်းတို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ရခိုင် AA အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲမှလွှဲပြီး ကျန် တနိုင်ငံလုံး အတိုင်းအတာကို မေလ (၁၀)ရက်မှ သြဂုတ်လ (၃၁)ရက်ထိ စစ်ပွဲ ရပ်ထားကြောင်း ကြေညာထားချိန် ရှမ်းပြည်မြောက်ပိုင်းမှာ KIA အဖွဲ့ကို ‘နယ်မြေရှင်းလင်းရေး ခေါင်းစဉ်’ သတ်ကာ လိုက်လံ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...