မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက ငွေကျပ် ၁ ဘီလီယံကျော်တန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅ဝဝ ကိုဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၎င်းဆေးပြားများကို မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း(အလယ်)ကျေးရွာနေ ဦးမောင်ဖြူထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းအရ သိရသည်။

ကြိမ်ချောင်းကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံရွာလူကြီးတစ်ဦးက “ သူတို့အိမ်ကို ဝင်မမွှေခင် ဘေးကအိမ်တစ်အိမ်ကို မွှေတယ်။ ဘေးအိမ်ကဘာမှ မတွေ့တော့ မောင်ဖြူတို့အိမ်ကိုမွှေတာ။ အဲဒီမှာ သူတို့ အိမ်အနောက်ဖက်မှာ ထမီတွေအုပ်ထားတဲ့ မှုးယစ်ဆေးအထုတ်တွေနဲ့ သူလိုင်းဆွဲစားတဲ့ အိမ်က ကားပေါ်မှာလည်း အထုတ်တွေတွေ့တာ။ ရဲကအဲဒီနေ့ ကတည်းက သူ့နဲ့ ကားကိုပါ ဖမ်းသွားတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ၎င်းမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၊ အရေးယူဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

ဖမ်းဆီးရမိသည့် ဦးမောင်ဖြူအား မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် မောင်တော မြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက်နေကြောင်းသိရသည်။

မောင်တောမြို့နယ်တွင် ယခင်လ မေလ ၃ဝ/၃၁ ရက်နေများတွင် ဆေးပြား ၁ဝ သန်းနီးပါးဖမ်းဆီးမိပြီး၊ ဇွန်လ ၁၁ ရက်နေ့ ကလည်း ဆေးပြား ၄ သိန်းခွဲ တို့ကို ဖမ်းဆီးရမိခဲ့သည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...