ခါမ်းပါတ်မြို့တွင် နေအိမ်အတွင်းရှိသူ အမျိုးသမီးနှစ်ဦး သေနတ်အပစ်ခံရပြီးဒဏ်ရာရ

ခါမ်းပါတ်မြို့တွင် နေအိမ်အတွင်းရှိသူ အမျိုးသမီးနှစ်ဦး သေနတ်အပစ်ခံရပြီးဒဏ်ရာရ

Salai Khup Khup - စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင်ဇွန်လ ၁၅ ရက်နေ့ကအမည်မသိ ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ သေနတ်ဖြင့်ပစ်ရာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်နေ ဦးဌေးအောင် နေအိမ်တွင် ဇွန်လ ၁၅ ရက်နေ့ ညကိုးနာရီ အချိန်ခန့်တွင် ဦးဌေးအောင်သည် နေအိမ်အတွင်း တီဗွီကြည့်နေစဉ် ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နွမ်းနှင့် အိမ်နီးနားချင်းဖြစ်သူ မဝုန်ညင်းကျိန်တို့မှာ နေအိမ်ဝရန်တာခုံတန်းတွင် ထိုင်နေကြစဉ် အမည်မသိ အမျိုးသားနှစ်ဦးမောင်းနှင် လာသော ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိပဲ အနောက်မှ စီးနင်းလာသူမှ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်သွားကာ ထွက်ပြေးသွားကြောင်း ကလေးမြို့နယ်ပြန်ကြားရေး၏ ထုတ်ပြန်ချက် အရသိရသည်။

သေနတ် အပစ်ခတ်ခံရသော မဝုန်ညင်းကျိမှာ အသက်အန္တရယ် မစိုးရိမ်ရသော်လည်း လက်သူကြွယ်တွင် စုတ်ပြဲဒဏ်ရာရရှိပြီး ဒေါ်ကျိန်လော့နွမ်းမှာလည်း ဝဲဘက်လက်ခလည် တွင်စုတ်ပြဲဒဏ်ရာ ရရှိသွားပြီး ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။

သေနတ်အပစ်ခတ်ခံရသော နေအိမ်တွင် နယ်မြေခံ ရဲစခန်းမှ သွားရောက် စစ်ဆေးရာ အိမ်ရှေ့ ကွန်ကရစ်လမ်းပေါ်တွင် AUSA 9MM lugar စာတမ်းပါ ငွေရောင်ကျည်ခွံနှစ်ခုနှင့် နေအိမ်တြင်းပေါက် သစ်သားတံခါးရွက်တွင် စိုက်ဝင်နေသော ကျည်ဖူး တစ်ခုကို တွေ့ရှိခဲ့ပြီးနောက်ရှိခဲ့ရပြီး တရားခံများကိုဖမ်းဆီးနိုင်ရေးအတွက်နယ်မြေခံတပ်၊ပြည်သူများနှင့်ပူးပေါင်း၍မြိုအဝင်အထွက်နေရာများကိုပိတ်ဆို့ရှာဖွေ၍စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း ခါမ်းပါတ်မြို့နယ်မြေရဲစခန်းမှသိရှိရပါသည်။

သေနတ်အပစ်ခတ်ခံရသော နေအိမ်တွင် နယ်မြေခံ ရဲစခန်းမှ သွားရောက် စစ်ဆေးရာ အိမ်ရှေ့ ကွန်ကရစ်လမ်းပေါ်တွင် AUSA 9MM lugar စာတမ်းပါ ငွေရောင်ကျည်ခွံနှစ်ခုနှင့် နေအိမ်ပြတင်းပေါက် သစ်သားတံခါးရွက်တွင် စိုက်ဝင်နေသော ကျည်ဖူး တစ်ခုကို တွေ့ရှိခဲ့ပြီးနောက်ရှိခဲ့ရပြီး တရားခံများကိုဖမ်းဆီးနိုင်ရေးအတွက်နယ်မြေခံတပ်၊ပြည်သူများနှင့်ပူးပေါင်း၍မြိုအဝင်အထွက်နေရာများကိုပိတ်ဆို့ရှာဖွေ၍စုံစမ်းဖော်ထုတ်လျှက်ရှိကြောင် းခါမ်းပါတ်မြို့နယ်မြေရဲစခန်းမှသိရှိရပါသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...