ကျောက်ဖြူတွင် အမည်မသိ လူသေအလောင်းတွေ့ရှိ

ကျောက်ဖြူတွင် အမည်မသိ လူသေအလောင်းတွေ့ရှိ
လေးဝတီကုလရက္ခိတ - ပရဟိတအသင်း-ကျောက်ဖြူ
လေးဝတီကုလရက္ခိတ - ပရဟိတအသင်း-ကျောက်ဖြူ

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့ပြင်တစ်နေရာတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်က အမည်မသိ အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအလောင်းအား စေတီယျရပ်ကွက်နှင့် လေယာဉ်ကွင်းအဆုံး ယခင်တောင်ရှည်သို့ သွားသည့်လမ်း အုတ်ခေါင်းအနီးတွင် တွေ့ရှိခြင်း ဖြစ်ကြောင်း လေးဝတီကုလရက္ခိတ - ပရဟိတအသင်း-ကျောက်ဖြူ ဥက္ကဋ္ဌ ကိုဂျပန်ကြီးမှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့က အဲဒီအလောင်းကို ရဲစခန်းက အကူအညီတောင်တဲ့ အတွက် ကားနဲ့ ကျောက်ဖြူခရိုင် ပြည်သူ့ ဆေးရုံကြီးကို ဒီကနေ့ နံနက် ၈ နာရီခွဲက ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်သူ့အလောင်းဆိုတာတော့ မသိဘူး။ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဒဏ်ရာတစ်ခုတော့ တွေ့ပါတယ်။ အသေးစိတ်ကို ရဲနဲ့ ဆေးရုံကို မေးရင် သိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းမှာ ဒေသခံ အရပ်သားတစ်ဦး ဖြစ်ပုံရသော်လည်း အမည်၊ နေရပ်လိပ်စာကို မသိရှိကြောင်း ပြောကြားသည်။

ကျောက်ဖြူ မြို့မရဲစခန်းသို့ နံနက် ၁၁ နာရီ ၅ မိနစ်က ဆက်သွယ်ရာ “ ဒီမှာ အလုပ် လုပ်နေတယ်။ မအားသေးဘူး” ဟု ဆိုကာ တာဝန်ကျ ရဲအရာရှိမှ ဖုန်းချသွားခဲ့သည်။

ကျောက်ဖြူပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ လူသေအလောင်းတွေ့တာတော့ သတင်းရပါတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ ဘယ်က လူလည်းဆိုတာလည်း မသိရသေးဘူး” ဟု ပြောကြားသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...