ကိုဗစ်ရောဂါကြောင့် လာရောက်လည်ပတ်မှုများတဲ့ ကြာကန်ကို လည်ပတ်ခွင့်ပိတ်

ကိုဗစ်ရောဂါကြောင့် လာရောက်လည်ပတ်မှုများတဲ့ ကြာကန်ကို လည်ပတ်ခွင့်ပိတ်

ဒီမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနဲ့ ဖောင်းတောကျေးရွာအနီးအနားမှာရှိတဲ့ ကြာကန်၊ ကြာခင်းတွေမှာ ကိုဗစ်ရောဂါကြောင့် လည်ပတ်ခွင့်ကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ပိတ်ထားလိုက်ပါတယ်။

အဲဒီကြာကန်တွေမှာ ရပ်နီး/ရပ်ဝေးက ဧည့်သည်တွေ အများအပြားလာရောက်လည်ပတ်လေ့ရှိပြီး နေ့စဉ် လာရောက်လည်ပတ်ကြတာကြောင့် လူစုလူဝေးလည်းဖြစ်စေတယ်လို့ ဘုရားဖြူကျေးရွာရာအိမ်မှူး ဦးနွေမင်းထွန်းက ပြောပါတယ်။

“အဓိကရောဂါကြောင့် ကိုဗစ်ကြောင့်လည်းပိတ်တယ် လူစုလူဝေးကလည်းဖြစ်နေလို့လေ လူလည်းတအားများလို့ပိတ်တာပေါ့။ တစ်နေ့ကို လူထောင်နဲ့ဖြစ်လာပြီလေ အဲလိုမျိုး လူစုလူဝေးလည်းဖြစ်နေတော့ ကျတော်တို့မပေးလာရဲတော့ဘူးပေါ့။ တချို့နယ်ဝေးကလည်းပါတယ် တခြားနယ်ကလည်းပါတယ် အဲ့ကြောင့်ပိတ်လိုက်တာပေါ့ ကျန်းမာရေးဌာနကလည်းပိတ်ခိုင်းလို့ ပိတ်လိုက်တာပေါ့” လို့ ဦးနွေမင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး လူအနည်းငယ်သာ လာရောက်လည်ပတ်ကြပြီး ဖေ့ဘွတ်စာမျက်နှာမှာ ပုံတင်ရာမှတဆင့် လူသိများလာပြီး နေ့စဉ် ရာချီ လာရောက်လည်ပတ်ကြတာပဲဖြစ်ပါတယ်။

လွိုင်ကော်မြို့မှ အများဆုံး လာရောက်တာဖြစ်ပြီး အခြားရပ်နီး/ ရပ်ဝေးကနေလည်း ကြာကန်ကိုလာရောက်လည်ပတ်ကြပါတယ်။

ဘုရားဖြူကျေးရွာက ကြာကန်ဟာ လူတစ်ဦးတစ်ယောက်ကနေ ကြာပန်းကိုစိုက်ပျိုးရင်းနဲ့ ရေချောင်းထဲမှာ အများကြီးပွားလာတာပဲဖြစ်ပါတယ်။ ချောင်းဖြစ်တာကြောင့် ကြာပန်းတွေနဲ့ဓတ်ပုံရိုက်မယ်ဆိုရင် လှေစီးရင်းရိုက်မှသာ အဆင်ပြေပါတယ်။

လည်ပတ်ကြတဲ့ ဧည့်သည်များရင်များသလို လှေစီးလိုက်ပို့ပေးတဲ့ လှေသမားက ဝင်ငွေအပိုရပါတယ်။ လှေစီးခ တစ်ယောက်ကို တစ်ထောင်သတ်မှတ်ထားတာကြောင့် စားဝတ်နေရေးအဆင်ပြေတယ်လို့ လှေသမားတွေက အဆင်ပြေတယ်လို့ ဆိုကြပါတယ်။ ဧည့်သည်များတဲ့နေ့ဆို တစ်ရက်ကို ဝင်ငွေတစ်သိန်းထိရတဲ့ လှေသမားလည်းရှိပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရွာအတွင်းက ကြာကန်ထဲမှာ လှေမစီးရ၊ ကြာကန်ထဲမဝင်ရ၊ ရွာထဲမဝင်ရဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက စာထုတ်ထားလိုက်ပါတယ်။ ကိုဗစ်ရောဂါဖြစ်နေတဲ့ကာလအတွင်းဖြစ်သလို လူစုလူဝေးဖြစ်စေပြီး ရောဂါဖြစ်ပွားနေတဲ့နယ်တွေကလည်း လာရောက်လည်ပတ်တာကြောင့် စိုးရိမ်မှုဖြစ်စေတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

ဘုရားဖြူကျေးရွာမှာနေထိုင်တဲ့ ဦးလွမ်းက “ပိတ်လိုက်ရင်လည်းပိုကောင်းတာပဲ လူများတယ်ဆိုတော့ လူစုလူဝေးမှမလုပ်ရဘဲကော။ အဲလိုကျ ပိုအဆင်ပြေမယ်ထင်တာပဲ” လို့ဆိုပါတယ်။

လှေသမားတွေအနေနဲ့ အုပ်ချုပ်ရေးမှူးက စာထုတ်ထားတဲ့အတွက် ပိတ်ထားတဲ့လတ်တလောမှာ ဧည့်သည်တွေအတွက် လှေမောင်းပေးမယ်ဆိုရင် ဒဏ်ငွေ တစ်သိန်း ပေးဆောင်ရမှာပဲဖြစ်ပါတယ်။

ရွာအတွင်းက ကြာကန်ကိုတော့ ဝင်ရောက်လည်ပတ်ခွင့်မပြုထားပေမယ့် ရွာပြင်ပမှာတော့ မသွားလာရဘူးလို့ မပြောထားပါဘူး။ လက်ရှိမှာလည်း ရွာအတွင်းကြာကန်ကို မလည်ပတ်ပေမယ့်လည်း တခြားကြာကန် လည်ပတ်စရာနေရာတွေမှာတော့ လာရောက်လည်ပတ်နေကြတဲ့သူရှိနေဆဲဖြစ်ပါတယ်။

အဲလိုလည်ပတ်နေတဲ့နေရာမှာ ကြာပန်းတွေကို မခူးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဦးနွေမင်းထွန်းက “မချိူးတာအကောင်းဆုံးပေါ့ အပွင့်ကနေ ကြာသီးဖြစ်လာမှာလေ တချို့မခူးဖြစ်တဲ့ဟာဆိုရင် သူ့ကြာစေ့ပြန်ကျတယ် ကြာစေ့ကရင့်ပြီး ရေထဲကျရင်ပြန်ပေါက်တယ်လေ မျိုးမတုံးနိုင်ဘူးပေါ့ အစေ့နဲ့လည်းစိုက်လို့ရတယ် အပင်နဲ့လည်းစိုက်လို့ရတယ် အဲလိုပေါ့။ မချိုးရင်တော့ကောင်းတာပေါ့ ကြာသီးလည်းစားရတယ်လေ” လို့ ပြောပါတယ်။

ကြာကန်က ကြာပန်းတွေကို ကြာချည်ထုတ်လုပ်ဖို့သုံးတဲ့နေရာမှာ ရောင်းဖို့အတွက် ရွာသားတွေက စိုက်ပျိုးထားကြတာပဲဖြစ်ပါတယ်။

ရွာအတွင်းက ကြာကန်တွေကိုတော့ ကိုဗစ်ရောဂါအခြေအနေကောင်းမှ ပြန်လည်ပတ်ခွင့်ပေးမှာဖြစ်ပြီး လတ်တလောအခြေအနေမှာတော့ ပိတ်ထားအုံးမှာပဲဖြစ်ပါတယ်။

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...