တောင်ကုတ်မြို့ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ဗဟိုပြု၍ ငလျင်လှုပ်

တောင်ကုတ်မြို့ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ဗဟိုပြု၍ ငလျင်လှုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အရှေ့မြောက်ဘက် (၅) မိုင်အကွာကို ဗဟိုပြုပြီး ဇွန်လ ၁၆ ရက်ညနေ ၅ နာရီ ၄၅ မိနစ်က ငလျင်လှုပ်သွားကြောင်း သတင်းရရှိသည်။

ငလျင်မှာ ရစ်ချ်စကေး ၅ ရှိပြီး တောင်ကုတ်မြို့မှ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ဗဟို ပြုလှုပ်ခတ် သွားသည်ဟု မြန်မာနိုင်ငံ မိုး/ဇလမှ သတင်းထုတ်ပြန်သည်။

၎င်းငလျင်မှာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လှုပ်ခတ်သွားပြီး တစ်နာရီခန့် အကြာတွင် နောက်ဆက်တွဲ ငလျင် အသေးများ လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

တောင်ကုတ်မြို့မှ စာရေးဆရာ ကိုရက္ခက “ ညနေ ၅ နာရီကျော်က ပထမလှုပ်တာက နည်းနည်းပြင်းပြင်းလှုပ်တယ်။ မြေကြီးနိမ့်သွားသလိုမျိုးခံစားရတယ်။ နောက်ထပ် တစ်နာရီလောက်မှာ ပထမအကြိမ်လောက် မပြင်းဘူး။ နည်းနည်း လှုပ်သွားတယ်။ အပျက်အစီးတော့ မကြားမိဘူး” ဟု ပြောသည်။

ငပလီကိုရောက်နေသူ ဦးတင့်ဆွေက “ ဒီမှာလည်း လှုပ်ပါတယ်။ ပြင်းတော့ မပြင်း။ လူတွေကတော့ ငလျင်လူပ်တဲ့ အကြောင်း ပြောနေကြတယ်”ဟု ပြောကြားသည်။

ကျောက်ဖြူသို့ ဆက်သွယ်ရာ ကိုထွန်းထွန်းနိုင်က ငလျင်လူပ်သွားသည်ဟု ပြောနေကြကြောင်း၊ မိမိမှာ မသိရှိလိုက်ကြောင်း ပြောကြားသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...