စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားများလုပ်ငန်းရှင်အသင်း၏ ဥက္ကဌ စိုင်းသန့်ဇင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားများလုပ်ငန်းရှင်အသင်း၏ ဥက္ကဌ စိုင်းသန့်ဇင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မြေကြီးဘဲစမ်းသပ်နေတာမဟုတ်ပါဘူးရှမ်းနီတစ်မျိုးသားလုံးရဲ့စိတ်ဓာတ်ကိုပါစမ်းသပ်နေတာပါလိုပြောချင်ပါတယ် ။

စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားများလုပ်ငန်းရှင်အသင်း၏ ဥက္ကဌ စိုင်းသန့်ဇင်ဦး

တရုတ်နိုင်ငံကရှယ်ရာအများစုဖြစ်တဲ့  PanAust ကုမ္ပဏီဟာ ရှမ်းနီတိုင်းရင်းသားများနေထိုင်တဲ့ ဝန်းသို ပင်လည်ဘူး၊ ဗန်းမောက်နယ်မြေမှာ ဧက ၁၈၅၀၀၀ ရွှေနှင့် ကြေးနီသတ္တုစမ်းသပ်တူးဖော်ရှာဖွေခွင့်ရရှိခဲ့ပါတယ်။ PanAust ကုမ္ပဏီသည် Wintho Resource ကုမ္ပဏီ၏ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံ တိုင်းရင်း သားလုပ်ငန်းရှင်များကပါ ထိုကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားအခွင့်အရေးများဆုံးရှုံးနိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ဒါကြောင့် ဘယ်လို အခွင့်အရေးဆုံးရှုံးနေသလဲ ဆိုတာကို ရှမ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ စိုင်းသန့်ဇင်ဦးနှင့် ဆက်သွယ်မေးမြန်းမှုများကို ဖော်ပြပေးလိုက်ရပါတယ်။

မေး။ ။ ဒီရက်ပိုင်းမှာပေါ့ စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအနေနဲ့ ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်ဘက်မှာပေါ့ သတ္တုစမ်းသပ်တူးဖော်ရေးနဲ့ပတ်သက်ပြီးတော့ စတိတ်မန့်တွေထုတ်ထားတာတွေ့တယ်။ အဲ့ဒီအထဲမှာပါတဲ့ ရှမ်းနီတိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံသွားနိုင်တယ် တိုင်းရင်းသားအခွင့်အရေးတွေဆုံးရှုံး သွားနိုင်တယ်ဆိုတာလေ အဲ့ဒါဘာတွေဆုံးရှုံးသွားနိုင်လည်းဆိုတာလေးပြောပြပေးပါဦးဗျ ။

ဖြေ။ ။ ဘယ်လိုဆုံးရှုံးသွားနိုင်လည်းဆိုတော့ အခုလက်ရှိ ရှမ်းနီတိုင်းရင်းသားတွေ ဒီတောင်သုံးလုံးတောင်မှာ ဝန်းသိုရီဆိုစ့်(Wintho Resource)  ဧရိယာ အခုလက်ရှိဆွဲထားတဲ့ဧရိယာမှာ လုပ်စားနေတဲ့ တိုင်းရင်းသားတွေ အများကြီးရှိတာပေါ့နော် ၊လုပ်စားတယ်ဆိုတာ စိုက်ပျိုးရေးအပေါ်မှာလုပ်စားတာလည်းရှိတယ် ကျန်တဲ့မွေးမြူရေး လက်လုပ်လက်စားရွှေတူးဖော်ရေး အသေးစားရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ လည်ပတ်ပြီးလုပ်စားနေတာကအများကြီးရှိတယ်လေ။

အဲ့အပေါ်မှာ အခြေခံပြီးတော့ ဝန်းသိုရီဆိုစ့်(Wintho Resource) ဆိုတဲ့ ဒီကုမ္ပဏီကြီးက လာဆွဲထားတဲ့ကိစ္စက ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ရင်နှီးမြုပ်နှံမှုကော်မတီရဲ့ ဥပဒေကိုချိုးဖောက်ပြီးမှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ ဒီအန်(မ်)အိုင်စီ ကိုတင်ရမဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အန်(မ်)အိုင်စီကိုမတင်ဘဲနဲ့ မြန်မာနိုင်ငံရင်နှီးမြုပ်နှံမှုဦးစီးဋ္ဌာနကိုမတင်ဘဲနဲ့ နိုင်ငံခြားသားကုမ္မဏီဆိုတာ အန်(မ်)အိုင်စီကိုတင်ပြပြီးသူတို့ဆီမှာငွေဘယ်လောက်ရှိလည်းဆိုတာ တင်ပြပြီးလာရောက်တူးဖော်ရတာဖြစ်တယ်။ အဲ့တာကနံပါတ်(၁)အချက်ပေါ့လေ။

နံပါတ်(၂) အချက်ကတော့ သူတို့ကုမ္မဏီဟာ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ လာပြီးတော့တူဖော်တဲ့နေရာမှာ လျှောက်ထားတဲ့နေရာမှာကနဦးလုပ်ကွက် စီစစ်ချထားရေးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီကိုတင်ပြပြီးလျှောက်ထားပြီ။ လုပ်ကိုင်တာမဟုတ်ဘဲနဲ့လာဘ်တိတ်ထိုးသူတို့ဟာသူတို့ လူကြီးတွေနဲ့ ပိုင်ရာပိုင်ရာပေါင်းပြီးတော့ လာဘ်တိတ်ထိုးပြီးလျှောက်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကဒါဟာအခွင့်အရေးတစ်ရပ်ကို အလွဲသုံးစားလုပ်ပြီးတော့ လာဘ်တိတ်ထိုးလုပ်တယ်လို့ ပြောခြင်ပါတယ်။ အဲ့တော့အဲ့လိုမျိုး တိုင်းရင်းသားတွေနဲ့တန်းတူလျှောက်တာမဟုတ်ဘူး။ ကျွန်တော်တို့က ၁.၈.၂ဝ၁၈မှာ တိုင်းရင်းသားအားလုံးကို လုပ်ကွက်လျှောက်ထားလို့ရပါပြီလို့ကြေငြာတယ်။ တကယ်တမ်း ကျတော့ သူတို့ကို ၁၉.၈.၂ဝ၁၈ ရက်မှာ သူတို့ကို လုပ်ခွင့်ပါမစ်တွေထုတ်ပေးတယ် လုပ်ကွက်တွေကိုလည်းလုပ်တယ်။ သို့သော် ကျွန်တော်တို့က ၁.၈.၂ဝ၁၈မှာ လျှောက်ထားခွင့်ပြုပြီးတော့ သူတို့က ၁၉.၈.၂ဝ၁၈ ရက်နေ့မှာလုပ်ခွင့်ရနေပြီဆိုတော့ သူတို့ကဘာလို့ညီညီမျှမျှ မလုပ်ပေးတာလဲလို့ ကျွန်တော်ကမေးချင်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းရင်းသား နိုင်ငံသားတွေရဲ့အခွင့်အရေးတွေဟာ လုံးဝဆုံးရှုံသွားပြီ။

မေး။ ။ အဲ့အထဲမှာအခုဒီ သူတို့တွေက ၁၈၅ဝဝဝဧကလောက်ရတယ်ပေါ့ ဒါကနောက်ဆုံးဝန်တို (၃)ပေါ့လေ ဝန်းသို(၂) ဝန်းသို(၁)ကျန်သေးတယ်ပေါ့လေ အများကြီးရထားတယ်ပေါ့လေ အဲ့မှာအကိုတို့က နောက်ဆုံးဟာကိုဘဲ ပိုပြီးလုပ်ကွက်လျှော့ပြီးလုပ်စေချင်တာလားဗျ ။

ဖြေ။ ။ ဝန်းသိုရီဆိုစ့်(Wintho Resource)ဧရိယာဆိုတာက အရင်ဇလုံတောင်ကြီးပါမဖယ်ရသေးတဲ့ အတိုင်းအတာကြီးအပြည့်ရှိတယ် အဲ့အပြည့်ထဲကမှ တိုင်းရင်းသားနေတိုင်တဲ့ ရှမ်းနီတွေနေထိုင်တဲ့ ကျေးရွာတွေကို ဧရိယာထဲကနေ နံပါတ်(၁) ဖယ်ပေးရမယ်။ရှမ်းနီတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ အဆောက်အဦးတွေ ဘုရားစေတီတွေ ဘိုးဘွာပိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ဒေသတွေကို ဖယ်ပေးရမယ်။ နံပါတ်(၃)အချက် စိုက်ပျိုးရေး တောင်ယာလုပ်တဲ့ နေရာတွေကိုဖယ်ပေးရမယ်။ အဲ့လိုမျိုးမဖယ်ပေးနိုင်ရင်ကျွန်တော်တို့က လုံးဝလက်မခံဘူး ။

မေး။ ။ အစ်ကိုတို့က အစိုးရဆီ လျှော့ပေါ့ပေးဖို့တင်ပြတောင်းဆိုတာတွေက အခုတော့လည်းဘာသံမှ မကြားရသေးဘူးပေါ့နော့။

ဖြေ။ ။ လျှော့ပေါ့တောင်းဆိုတယ်ဆိုတာ ကျွန်တော်တို့က ရှမ်းနီတိုင်းရင်းသားအနေအထားနဲ့ စစ်ကိုင်းတိုင်းဒေသ ရှမ်းနီလုပ်ငန်းရှင်များအသင်းကနေထုတ်ပြန်တယ် အဲ့တာကို ကျွန်တော်တို့ တိုင်းရင်းသားတွေထုတ်ပြန်တာကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေကလည်းထောက်ခံတယ် ဆိုပြီးတော့ထုတ်ပြန်တယ်။

မေး။ ။အကိုတို့ရဲ့ထုတ်ပြန်ချက်တွေကိုကော တိုင်းဒေသကြီးအစိုးရ၊ ဗဟိုအစိုးရတွေကိုတင်ပြတာရှိလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့အဲ့ထုတ်ပြန်ချက်တွေတင်ပြဖို့အတွက်လည်းကျွန်တော်တို့ရုံးအဖွဲ့ကဆက်လုပ်ဆောင် နေပါတယ်ခင်ဗျ။

မေး။ ။ အကိုတို့တောင်းဆိုထားတာမရခဲ့ရင် ရှေ့ဆက်အစီအစဉ်ဆွဲထားတာရှိလာဗျ ပြောပြလို့ရလားဗျ။

ဖြေ။ ။ တောင်းဆိုထားတာမရခဲ့ရင် ကျွန်တော်တို့တိုင်းရင်းသားတွေတောင်းဆိုထားတာမရရင်တော့ ဖက်ဒရယ်ပြည်ထောင်စုကိုမသွားနဲ့လို့ပြောရမှာဘဲဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင်တိုင်းရင်းသားအားလုံးက ဖက်ဒရယ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မယ်ဆိုရင် တိုင်းရင်းသားမပါဘဲနဲ့ပြည်ထောင်စုလည်း ထောင်လို့မရဘူးပြည်ထောင်စုလည်းလုပ်လို့မရဘူး ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် တိုင်းရင်းသားတွေလုပ်ငန်းစဉ်တွေ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ စကားကိုနားထောင်ရမယ် ကျွန်တော်တို့အခုလက်ရှိက စီးပွားရေးကလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းရှင် တွေကဘဲ ရေအတိမ်အနက်ကိုသိတယ်။ဒီပြသနာတွေရဲ့ အတိမ်အနက်ကိုစီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးသိတယ်။ မသိသလိုနေတာဘဲ ရှိတယ်။အာ့ကြောင့်ကျွန်တော်တို့က တိုင်းရင်းသားကဏ္ဍတွေကိုလက်တွဲမခေါ်နိုင်ဘူးဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေက လုံးဝကန့်ကွက်နေမှာဘဲ။ မရမချင်းကန့်ကွက်နေမှာဘဲ ။

မေး။ ။အခုသူတို့ကစမ်းသပ်ခွင့်ဘဲရှိသေးတယ်တူးဖော်တာမဟုတ်သေးဘူးဆိုတဲ့အပေါ်မှာကော ဘယ်လို သဘောထားရှိလဲဗျ။

ဖြေ။ ။ အဲ့ပါမစ်မျိုးဘယ်တိုင်းရင်းသားမှလည်းမပေးထားဘူး ဘယ်နိုင်ငံသားကိုမှလည်းမပေးထားဘူး အဲ့တာကပြစရာသက်သေတစ်ခုပါဘဲနောက်တစ်ခုကဝန်ကြီးကိုယ်တိုင်းကလည်းအဲ့ပါမစ်ကိုထုတ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဝန်ကြီးကပထမဦးဆုံးနိုင်ငံခြားသားကိုဘယ်သူနဲ့မှမတူတဲ့ပါမစ်ပေးနေတယ်လို သမိုင်းမှာမှတ်ထားပါတယ်လို့ပြောချင်ပါတယ်။

မေး။ သူတို့နဲ့ပတ်သက်ပြီးတော့ကော ဘာတွေသိထားတာရှိသေးလည်းဗျ ဝန်းသိုရီဆိုစ့်(Wintho Resource) နဲ့ ပတ်သက်ပြီးတော့ပေါ့လေ။

ဖြေ။ ။သူတို့ကိုသိထားတဲ့အချက်ကသူတို့ကတရားဝင်တင်ထားတာမဟုတ်သေးဘူး။ သူတို့ တရားဝင်တင်ထားတာမဟုတ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အန်(မ်)အိုင်စီကိုချိုးဖောက်ထားတယ်လိုဘဲပြောချင် ပါတယ်။ ဒါကြောင့် အန်(မ်)အိုင်စီကိုတင်ပါ အန်(မ်)အိုင်စီကိုတင်မှ သူတို့ကုမ္မဏီမှာ ငွေဘယ်လောက်ရှိလဲ မရှိဘူးလဲဆိုတာ ကျွန်တော်တို့ကသိရမှာ ပြည်သူလူထုကလည်းသိအောင် နိုင်ငံတော်က ဒါနဲ့ပတ်သက်ပြီးတော့ ထရမ်စဖယ်လတီဖြစ်အောင် အမြန်ဆုံးချပြပါလိုပြောချင်ပါတယ်။

မေး။ ။  ဒါနဲ့ပတ်သက်ပြီးတော့ သူတို့က ဝန်းသို(၁) (၂) (၃)နဲ မစတင်ခင်နဲ့ စတင်ပြီအချိန်တွေမှာပေါ့သူတို့ ကျေးရွာတွေကို ထောက်ပံ့တာမျိုးတွေရှိတယ် ညှိနှိုင်းတာမျိုးတွေရှိတယ်လို့ကြားမိတယ်။

ဖြေ။ ။ သူတို့ စီအက်(စ်)အို CSO တွေနဲ့ပေါင်းစပ်ပြီး ထောက်ပံ့မှုတွေပြုလုပ်တယ်ဆိုရင် ကျွန်တော်တို့ဒီလိုလုပ်တာတွေနဲ့ပတ်သက်ပြီး တုံပြန်မှုတွေပြုလုပ်လာမှာပါ သူတိုဘာမှမလုပ်ထားလိုဘဲ စီအက်(စ်)အိုကလည်း ဘာမှမတုံ့ပြန်တာဖြစ်တယ်။

မေး။ ။ အခု ဝန်းသို ဗန်းမောက် နဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာများထပ်ဖြည့်စွက်ပြောချင်တာရှိသေးလဲခင်ဗျ။

ဖြေ။ ။ ဘာတွေထပ်ဖြည့်ပြောချင်တာကတော့ ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ဒေသခံတွေရဲ့ ထုပ်လုပ်တယ်စမ်းသပ်တယ်ဆိုတာသည် ရုပ်ဝတ္ထုအပေါ်ယံမြေဇီလွှာဘဲ စမ်းသပ်တာမဟုတ်ဘဲ ရွှေပါတယ်ကြေးပါတယ်ဆိုတာဘဲ စမ်းသပ်တာလို့စိတ်ထဲမထားဘဲ ဒေသရဲ့စိတ်ဓာတ်တွေပါစမ်းသတ်နေတယ်လိုပြောချင်ပါတယ် ဘာကြောင့်လည်းဆိုတော့လုပ်သမျှခံနေတယ် ဆိုရင်သူတို့ကပိုပြီးလုပ်လာတော့မှာလက်ဝင်လို့ရရင်လက်ဝင်လာမယ်ခေါင်းဝင်လို့ရရင်ခေါင်းဝင်ကိုယ်ဆံ့ဆိုပြီး လာမယ်သူတို့ကမြေကြီးဘဲစမ်းသပ်နေတာမဟုတ်ပါဘူးရှမ်းနီတစ်မျိုးသားလုံးရဲ့စိတ်ဓာတ်ကိုပါစမ်းသပ်နေတာပါလိုပြောချင်ပါတယ် ။

ကျေဇူးတင်ပါတယ်ခင်ဗျာ။

လှိုင်ထက်ကို ဆက်သွယ်မေးမြန်းသည်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...