ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ပြန်ဝင်လာသူများဆက်လက်ရှိနေဆဲဖြစ်ပြီး ရခိုင်တွင်ပြန်ဝင်လာသူ ၄၅ဝဝ ကျော်ခန့်ရှိနေပြီဖြစ်

ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ပြန်ဝင်လာသူများဆက်လက်ရှိနေဆဲဖြစ်ပြီး ရခိုင်တွင်ပြန်ဝင်လာသူ ၄၅ဝဝ ကျော်ခန့်ရှိနေပြီဖြစ်

ထွန်းခိုင် — ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အလုပ်သွားလုပ်နေကြနေကြသူများ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်သုတ်ပြီး တစ်သုတ် ပြန်လာနေကြရာ လက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသူ ၄၅ဝဝ ကျော်အထိရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

 ဇွန်လ ၁၂ ရက်နေ့ကလည်း ထိုင်းနယ်စပ် မဲဆောက်-မြဝတီလမ်းကြောင်းမှ ၄၁ ဦးဝင်ရောက်လာပြီး မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းခန်းမမှ တစ်ဆင့် ရွှေပြည်ရခိုင်မော်တော်ယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။

“အခု အချိန်ထိ တရုတ်နဲ့ ထိုင်းက ပြန်ဝင်လာတာ ၄၅ဝဝ ကျော်လောက်တော့ ရှိသွားပြီ ထင်တယ်။ တရုတ်ကတော့ များတယ်။ တရုတ်က ၃၅ဝဝ ကျော်လောက်ရှိဖို့ထင်တယ်။ ကျန်တာကတော့ ထိုင်းကပေါ့။ စာရင်းအတိအကျတော့ မရနိုင်သေးဘူး။ သူ့အစီစဉ်နဲ့သူ သွားတာတွေလည်း ရှိတယ်။ မနေ့ကလည်း ၄၁ ယောက်၊ ဟိုတစ်နေ့ကတော့ ၇၁ ယောက် အသီးသီးတော့ လာနေတာဘဲ။ ဒီနေ့လည်း ၄၁ ယောက် ထပ်သွားသေးတယ်။ ဒီနေ့သွားတာကတော့ တရုတ်ကပေါ့။ မန္တလေးကနေတစ်ဆင့် ရခိုင်ကို လိုက်သွားတာ။ နေ့တိုင်းလိုလိုနီးပါးတော့ လာနေတာရှိတယ်”ဟု ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံနယ်စပ်မြဝတီမှတဆင့် ၇၁ ဦးပြန်လာပြီး မင်းဘူးမှ တစ်ဆင့်ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

၎င်းတို့ထဲမှ တရုတ်နိုင်ငံက ပြန်လာသူ ၃၅ဝဝ ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၁ဝဝဝ ကျော်ဖြစ်ပြီး နေ့တိုင်းလိုလို ဝင်ရောက်လာခြင်းဖြစ်သည်ဟု ပြောဆိုသည်

တရုတ်ကပြန်လာသူအားလုံးနီးပါးမှာ စောင့်ကြည့်ခံပြီးသားလူများဖြစ်ပြီး ထိုင်းကပြန်လာသူများမှာ ၄ ရက်၊ ၅ ရက်လောက်သာ စောင့်ကြည့်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သူတို့အားလုံးမှာ ဆေးစစ်ပြီးသားဖြစ်ပြီး ဆေးစာရွက်တွေလည်း ပါသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်သို့ ရောက်ချိန်တွင်လည်း စောင့်ကြည့်ခံပြီးသား လူများကို မိမိ၏နေအိမ်၌ စောင့်ကြည့်သူ အဖြစ်ထားရှိမှာဖြစ်ပြီး မစောင့်ကြည့်ခံခဲ့ရသူများကို စောင့်ကြည့်ခံသူများအဖြစ် (၂) ပတ်ခန့် ထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...