ထိုင်းနိုင်ငံအတွင်း ညမထွက်ရ (Curfew) အမိန့် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ရုပ်သိမ်းမည်

ထိုင်းနိုင်ငံအတွင်း ညမထွက်ရ (Curfew) အမိန့် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ရုပ်သိမ်းမည်

စအိုင်ဆူး — COVID-19 ကပ်ရောဂါကြောင့် အရေးပေါ် ကြေညာထုတ်ပြန်ထားသည့် ညမထွက်ရ (Curfew) အမိန့်ကို ယခု လာမည့် ဇွန်လ ၁၅ရက်နေ့မှစ၍ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ တိုက် ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA)က ဇွန်လ ၁၂ရက်နေ့တွင် အတည်ပြုထုတ်ပြန်ထား ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ညမထွက်ရအမိန့် နောက်ဆုံးထုတ်ပြန်ထားသည့် ည ၁၁ နာရီမှ နံနက် (၃)နာရီအတွင်း သွား လာခြင်းမပြုရ အမိန့်ကို ယခုလာမည့် တနင်္လာနေ့တွင် စတင်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း CCSA ၏ယနေ့ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းနိုင်ငံ The Nation သတင်းစာ၌ ဖော်ပြထားခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချာအိုချာ(Prayut Chan-O-cha)ဦးဆောင်၍ ဇွန်လ ၁၂ ရက်နေ့ပြုလုပ်သည့် CCSA ဗဟို ဌာန၏ အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ညမထွက်ရ အမိန့်ကို ရုပ်သိမ်းသွားမည် ဖြစ်သော်လည်း နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာထားမှုကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ ပြည်ပမှပြန်လာသူများတွင် ရောဂါပိုး တွေ့ရှိရမှုအခြေအနေများရှိနေသေးသောကြောင့် နိုင်ငံအတွင်း ဝင်ထွက်သွားလာမှုများကို (CCSA) ဗဟိုဌာနမှ ဆက်လက် ကန့်သတ်ထားရန် ဆုံးဖြတ်ခဲ့သလို အရက်ဆိုင်များ၊ ဘားများကိုလည်း ကန့်သတ်မှု၏ စတုတ္ထအကြိမ်ဖြေလျှော့မှုမတိုင်မီအထိ ဆက်လက်ပိတ် ထားမည်ဖြစ်ကြောင်းလည်း  သိရသည်။

ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA)မှ ထုတ်ပြန် ထားသည့် အရေးပေါ်ကာလ အမိန့်များအနက်အစိုးရ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ခရိုင်ဖြတ်ကျော်သွားလာခွင့်အပါအဝင် ညမထွက်ရ အမိန့် (Curfew)ကို  ဇွန်လ ၁ ရက်နေ့က တတိယအကြိမ် ဖြေလျှော့မှုအနေဖြင့် ထိုင်းအစိုးက ထုတ်ပြန်ထားသေးသည်။

အဆိုပါ တတိယအဆင့်အဖြေလျှော့ပေးမှုတွင် ညမထွက် (Curfew) အမိန့်ကို ည ၁၁ နာရီမှ နံနက် ၃ နာရီ အ တွင်းသွားလာမှု ဆက်လက်ကန့်သတ်ထားပြီး ကုန်တိုက်များကို ည (၉)နာရီအထိ ဖွင့်လှစ်ခွင့်ပေးထားသလို အရက်၊ ဘီယာများကိုလည်း ဆိုင်ထိုင်သောက်ခွင့် မပြုသေးသော်လည်း အိမ်သယ်ဆောင်သောက်သုံးခွင့် ပြုလိုက်သည်။ လူအများစုဝေး ကစားရသည့် GYM၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စ်ကတ်ဘော၊ ဘိုးလင်း၊ စကိတ်၊ ဂျက်စကီ၊ အဆိုအက၊ ရေလွှာလျှောစီးစသည့် ကစားကွင်းများကို ပြန်လည်ဖွင့်ခွင့်ပြုထားသည်။

အလားတူ ဇွန်လ ၁၀ရက်နေ့က အရေးပေါ် အခြေအနေ ကာလအတွင်း နိုင်ငံတွင်း ညမထွက်ရ အမိန့် စမ်းသပ် ကာလ ၁၅ ရက်ခန့် ရုပ်သိမ်းပေးရန် အမျိုးသားလုံခြုံရေး ကောင်စီမှ အကြံပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...