တပ်ရင်းမှူးတစ်ဦးကို စစ်ဆေးရန် စေလွှတ်ပေးရေး DKBAထံ ပြည်နယ် နယ်လုံဝန်ကြီးအကြောင်းကြား

တပ်ရင်းမှူးတစ်ဦးကို စစ်ဆေးရန် စေလွှတ်ပေးရေး DKBAထံ ပြည်နယ် နယ်လုံဝန်ကြီးအကြောင်းကြား

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့်ပတ်သက်မှုရှိနေသည်ဆိုကာ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် -DKBA မှ တပ်ရင်းမှူးအဆင့်ရှိသူ စောအေဝမ်းကို စစ်ဆေးနိုင်ရေးအတွက် စေလွှတ်ပေးရန် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က KKO (DKBA)ထံ အကြောင်းကြား စာပေးပို့ထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတစ်ခုနှင့် ပတ်သက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိ၍ တရားဥပဒေနှင့်အညီ စစ်ဆေးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ထံ အမြန်စေလွှတ်ပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ ဇွန်လ ၈ရက်နေ့ ရက်စွဲနှင့် DKBA ဖားအံ ဆက်ဆံရေးရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၄ရက်နေ့တွင်လွိုင်လင်၊ တောင်ကြီးကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် ICE (၁၆၁၅) ကီလိုနှင့်သယ်ဆောင်သူနှစ်ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးချက်များအရ ၎င်းမူး ယစ်ဆေးဝါးများမှာ DKBA( ၉၀၃) တပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသည့် စောအေဝမ်းနှင့် ပတ်သက်မှုရှိကြောင်း ကရင်ပြည်နယ်နယ်လုံဝန်ကြီး ပေးပို့သည့် အကြောင်းကြားစာတွင်ထိုသို့ ဖော်ပြထားသည်။

အဆိုပါအကြောင်းကြားစာနှင့်ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA စစ်ဦးစီးချုပ်နှင့် ဌာနချုပ်ရုံးသို့ ပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်း DKBA ဖားအံဆက်ဆံရေးရုံးမှ ပြောဆိုသည့်အတွက် စစ်ဦးစီးချုပ် - ဗိုလ်ချုပ်ကြီး စောမိုရှေးကို ကေအိုင်စီမှ ဖုန်းနှင့်ဆက်သွယ်သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ပေ။

ထို့အပြင် DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးထံ ကေအိုင်စီမှ ဇွန်လ ၁၂ရက်နေ့တွင် ဆက်သွယ်ရာ အဆိုပါအကြောင်းကြားစာမှာ ဌာနချုပ်တွင် မရောက်ရှိသေးသည့်အတွက် မိမိ အနေဖြင့် မသိရှိရသေးကြောင်းသာ ကေအိုင်စီသို့ ပြန်လည် ပြောဆိုသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...