စစ်တွေမြို့နယ်တွင် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရ

စစ်တွေမြို့နယ်တွင် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးနှစ်ဦးကို ရဲ၊ လဝကနှင့် စစ်တပ်တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၁၂ ရက်နံနက်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကျေးရွာမှ မလုံးမချေ (၁၆)နှစ် နှင့် ပလ္လင်ပြင်ကျေးရွာမှ ကြွီတဲကျေးရွာတွင် စက်ချုပ်ပညာသင်ကြားနေသော မခင်ဝင်းဦး (၁၈) နှစ်တို့ ဖြစ်ကြောင်း မခင်ဝင်းဦး၏ဖခင် ဦးမောင်ခင်ဝင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဖုန်းထဲကနေပြီးတော့ စာပို့နေကြတယ်။ ခင်ဝင်းဦးက လုံးမချေကို နင်တို့ရွာက လူ ၄ ယောက် အဖမ်းခံရတယ်လို့ သတင်းရတယ်။ အဲဒါတွေက ဟုတ်လားဆိုပြီးတော့ စာပို့ထားတယ်လို့ ပြောတယ်။ မနက်က သူတို့က ရွာထဲကို စစ်ဆေးဖို့ဝင်လာတဲ့အချိန်မှာ လုံးမချေဖုန်းက နေပြီးတော့ အဲဒီစာသားကိုတွေ့သွားတယ်။ ဒါကြောင့် သူတို့ နှစ်ဦးကို ဒီနေ့ မနက် ၈ နာရီ အချိန်ခန့်က ဖမ်းသွားတယ်။ သူတို့နှစ်ဦးကို ဖမ်းသွားတော့ မလုံးမချေရဲ့ အဒေါ်ဖြစ်သူ ဒေါ်အိုးဒုံးကလည်း စိတ်မချလို့ဆိုပြီး သူတို့နဲ့ အတူလိုက်သွားတယ်။ အခုသူတို့ သုံးယောက်စလုံးကို အမှတ် (၁) ရဲစခန်းမှာ စစ်ဆေးနေတယ်” ဟု ဦးမောင်ခင်ဝင်းက ပြောသည်။

ယခုစစ်ဆေးခံနေရသူ သုံးဦးမှာ မိသားစုဆွေမျိုးသားချင်းများဖြစ်ကြပြီး သူတို့မှာ အပြစ်လုပ်ထားတာ တစ်စုံတစ်ရာမရှိကြောင်းနှင့် စိုးရိမ်ကြောင့်ကြ၍ တစ်ယောက်ကို တစ်ယောက် သတင်း မေးခြင်းသာ ဖြစ်ကြောင်း ဦးမောင်ခင်ဝင်းက ဆက်ပြောသည်။

ကြွီတဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြသိန်းက “ ကျနော်တို့လည်း လက်တွေ့မြင်တာတော့ မဟုတ်ဘူး။ သူတို့ ပြန်သွားမယ့် အချိန်ကျမှ သူတို့ရောက်လာကြောင်းကို လက်မှတ်ထိုးပေးပါဆိုလို့ ကျနော် လက်မှတ် ထိုးပေးလိုက်တယ်။ အဲဒီအချိန်ခါမှ သူတို့ကို ကျနော်မေးကြည့်လို့ ကျနော်တို့ရွာက မိန်းကလေးငယ်နှစ်ဦး ဖမ်းထားတယ်ဆိုတာကို ပြောသွားတယ်။ သူတို့ကိုဖမ်းတယ်အချိန်မှာလည်း ရွာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး တစ်ဦးမှ မပါဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့အမှတ် ၁ ရဲစခန်းသို့ နိရဉ္စရာသတင်းဌာန အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ အလုပ်များနေတယ်။ မအားသေးဘူး” ဟု ဆိုကာဖုန်းချသွားခဲ့သဖြင့် ရဲတပ်ဖွဲ့က မိန်းခလေးနှစ်ဦးကို ဖမ်းဆီးရသည့် အကြောင်းအရင်းကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...