မိုးမောက် လူနာအမှတ်စဉ် ၂၄၉ ကြောင့် KIO အရှေ့ပိုင်းခရိုင် ခရီးသွားလာမှုပိတ်ပင်ထား

မိုးမောက် လူနာအမှတ်စဉ် ၂၄၉ ကြောင့် KIO အရှေ့ပိုင်းခရိုင် ခရီးသွားလာမှုပိတ်ပင်ထား

မိုးမောက်မြို့နယ်တွင် ပိုးတွေ့လူနာထွက်ပေါ်ခဲ့သောကြောင့် နယ်မြေချင်းနီးစပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ခရီးသွားလာမှုကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း KIO Covid-19 ထိန်ချူပ်ရေးကော်မတီထံမှသိရသည်။

တရုတ်နယ်စပ် လွယ်ဂျယ်တွင် ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးပေးသည့်ဝန်ထမ်းတစ်ဦး Covid-19 ရောဂါပိုးကူးစက်ခံရသောကြောင့် မိုင်ဂျာယန်၊ လွယ်ဂျယ်၊ အင်ဘာပါဘက်ရှိ ကျေးရွာများတွင် ရောဂါကြိုတင်ကာကွယ်သောအားဖြင့် ပိတ်ထားရခြင်းဖြစ်သည်ဟု KIO Covid-19 တိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် Salang Kaba Lazum La Doi က ပြောသည်။

 

‘‘ ကျနော်တို့အနီးအနားမှာပဲ ရောဂါစစ်တွေ့တဲ့အတွက် အခုလိုခရီးအသွားအလာကို ရပ်နားထားတာ ဖြစ်ပါတယ်။ ’’ ဟုပြောသည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသောအကြောင်းအရာများကို လိုက်နာရန်နှင့် အစားအသောက်များသယ်ယူပို့ဆောင်ရာတွင် သတ်မှတ်ထားသောစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန် KIO Covid-19 တိုက်ဖျက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

KIO ၏အရှေ့ပိုင်းအုပ်ချုပ်ရေးနယ်မြေဖြစ်သော မိုးမောက်မြို့နယ်တွင် လူအဝင်အထွက်နှင့် Covid-19 စစ်ဆေးသော နေရာ ၉ ခုရှိပြီး ယခုချိန် အားလုံးပိတ်ထားပြီဟု သိရသည်။

ကချင်ပြည်နယ် လွယ်ဂျယ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၄ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းဖြစ်သူသည် လူနာအမှတ်စဉ် ၂၄၉ အဖြစ် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် KIO နယ်မြေရှိ အဆိုပါ လူနာအမှတ်စဉ် ၂၄၉ နှင့် ထိတွေ့ခဲ့သူများကိုလည်း စုံစမ်းစိစစ်နေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...