ပလက်ဝ တွင် ဆန်သယ်သွားသည့် ဒေသခံ တစ်ဦး ပစ်ခတ်ခံရ၍သေဆုံး

ပလက်ဝ တွင် ဆန်သယ်သွားသည့် ဒေသခံ တစ်ဦး ပစ်ခတ်ခံရ၍သေဆုံး

Salai Khup Khup — ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် နန်းချောင်းဝရွာသား ဦးမျိုးသန့်(၄၆)နှစ် ဇွန်လ (၁၀) ရက်နေ့က ဆန်သယ်အသွား လမ်းခုလတ်တွင် အမည်မသိအဖွဲ့၏သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေး ကူညီရေးအဖွဲ့၏ အတွင်းရေးမှူး ဦးကျော်အောင်က “သေသွားတဲ့လူက နန်းချောင်းဝရွာသားဖြစ်တယ်။ သူတို့ခုတော့ နန်းချောင်းဝမှာ မနေတော့ဘူး စိမ့်စင်းကျေးရွာမှာဘဲ ခိုလုံတယ် သေသွားတဲ့ အမျိုးသားနဲ့ လူအချို့က သူတို့နေခဲ့တဲ့ နန်းချောင်းဝကို ဆန်နဲ့ ကျန်နေသေးတဲ့ ပစ္စည်းအချို့ကို သယ်ဖို့ဆိုပြီး နန်းချောင်းဝရွာသားတွေရယ်နဲ့ အခြားလူတွေနဲ့ ကားသမားနဲ့ဆိုရင် ၂၁ ယောက်လို့သိရတယ်။ စိမ့်စင်းမှာရှိတဲ့ ဗျူဟာမှူးကိုလည်း ခွင့်တောင်းတယ် ခွင့်ပြုလို့ သွားကြတယ် မနက် ရှစ်နာရီ ကျော်ကျော်မှာသွားတယ်။ နန်းချောင်းဝရွာ ရောက်ခါနီး သေနတ်နဲ့ပစ်တယ် ပစ်တဲ့ချိန်မှာ ဦးမျိုးသန့် တော့ဆုံးသွားတယ် ကျန်တဲ့လူတွေကတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်”ဟုသိရသည်။

နန်းချောင်းဝကျေးရွာမှာ ဧပြီလ ၇ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခံရသည့်အတွက် ဒေသခံများအချို့သည် ပလက်ဝမြို့ပေါ်သို့၎င်း အချို့မှာ စိမ့်စမ်းကျေးရွာ ဖက်သို့ စစ်ဘေးရှောင်ခဲ့ကြကြောင်း သိရသည်။

ဦးကျော်အောင်က “ ဒီလိုအဖြစ်ပျက်တွေက ဝမ်းနည်းစရာကောင်းတယ် လက်နက်ကြီး လက်နက်မျိုးစုံ ထိခိုက်ပြီးသေကြတယ် နောက်ပြီး ဘယ်အဖွဲ့အစည်းကမှန်းမသိ ဖမ်းပြီး နောက်တစ်ရက် နှစ်ရက်လောက်မှာ အလောင်းတွေ့ အဲလိုမျိုးတွေ ပလက်ဝမြို့မှာ ကြုံတွေ့နေရတဲ့ ဝမ်းနည်းစရာတွေဖြစ်တယ် တိုက်ပွဲတွေကြောင့် စားဝတ်နေရေးတွေ ခက်ခဲတယ် အဲဒါတွေကို နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေက လေးလေးနက်နက် စဉ်းစားပေးစေချင်တယ်”ဟုဆိုသည်။

ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနှစ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် အရပ်သားဒေသခံ သေဆုံးမှုမှာ ၄၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း Chin IDP Support Committee ဖော်ပြချက်အရ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...