ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ပထမဆုံး လေယာဉ်စမ်းသပ်ဆင်းသက်မူ ဇွန်လထဲတွင် ပြုလုပ်မည်

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ပထမဆုံး လေယာဉ်စမ်းသပ်ဆင်းသက်မူ ဇွန်လထဲတွင် ပြုလုပ်မည်

ဖလမ်းမြို့အနီးရှိဆူရ်ဘုန်လေယာဉ်ကွင်းမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး ဇွန်လထဲတွင် ပထမဆုံး လေယာဉ် စမ်းသပ်ဆင်းသက်သွားမည် ဖြစ်ကြောင်းစည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လေကြောင်းဦးစီးကနေပြီးတော့ လျာထားတာကတော့ ဇွန်လ ဒုတိယ ပတ်လို့ လျာထားပေမဲ့ အခုတောင် ဒုတိယပတ်ထဲ ရောက်နေပြီ လေကြောင်းဌာနနဲ့တော့ ပြန်အဆက်သွယ် လုပ်ရမယ် ဒီလထဲမှာတော့ လုပ်နိုင်အောင်တော့ စီစဉ်ထားတယ် လေယာဉ်ကွင်းပြီးစီးမှုပိုင်းကလည်း ၉၅ ရာခိုင်နှုန်းပြီးစီးသွားပြီ လမ်းခင်းတာရော ပြေးလမ်းခင်းတာရော အခြားအဆောက်အဦးတွေ လေဆိပ်တွေ အကုန်ပြီးသွားပြီ”ဟုပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် ပထမဆုံး လေယာဉ်ဆင်းသက်မှုကို မြန်မာ့လေကြောင်း လိုင်းမှ လေယာဉ်ဖြစ် စမ်းသပ်ဆင်းသက်မှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လေဆိပ်နဲ့ပက်သက်ပြီး ကျန်တာက ဆက်သွယ်ရေး စနစ်ဖြစ်တယ် ဆက်သွယ်ရေး စနစ်က လေယာဉ်ပေါ်ကနေ ထိန်းချုပ်တာဝါနဲ့ ဆက်သွယ်လုပ်မဲ့ စက်တွေက အမေရိကန်က ဝယ်တာဖြစ်တယ် လက်ရှိကိုဗစ်ကြောင့် မလာနိုင်ဘူး ဖြစ်တယ် အမေရိကန်က လာမယ့်ပညာရှင်တွေနဲ့ စမ်းသပ်လုပ်မဲ့ ပိုင်းဘဲကျန်တော့တယ် အဲဒါပြီးရင် အားလုံးပြီးစီးပြီ”ဟုပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတွင် လေယာဉ်စမ်းသပ်ပြီးစီး အောင်မြင်ပါက လေကြောင်းဦးစီးဌာန၏ စီစဉ်မှုအတိုင်း လေယာဉ်များ ပြေးဆွဲကြတော့ မည်ဖြစ်ပြီး လေယာဉ်ကွင်း ဖွင့်ပွဲကိုလည်း လေကြောင်းဦးစီးဌာနမှ ပြည်ထောင်စုတွင် ခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက် ရရှိသည့်ချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းအတွင်း လိုအပ်သည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများအတွက်လိုသည့် ကုန်ကျစရိတ် ကျပ်ငွေ၃၅ ဘီလီယံ နီးပါးအသုံးပြုကာ လက်ရှိလေယာဉ်ကွင်း တည်ဆောက်ပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...