မီဇိုရမ်ရောက် ယက္ကန်းသမားများ လုပ်ငန်းပျက်လပ်ပြီး နေရပ်ပြန်သွားသူများပြား

မီဇိုရမ်ရောက် ယက္ကန်းသမားများ လုပ်ငန်းပျက်လပ်ပြီး နေရပ်ပြန်သွားသူများပြား

ရစ်ချက် – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်နေကြသော မြန်မာပြည်မှ ယက္ကန်သမားများသည် Covid-19 ကြောင့် လုပ်ငန်းပျက်လပ်မှု ကြုံနေကြသည့်အတွက် နေရပ်ပြန်သွားကြသူများပြားလာတယ်လို့ သိရသည်။

ကိုရိုနာဗိုင်းရစ်ခေါ် Covid-19 ၏ရိုက်ခတ်မှုကြောင့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Lockdown ချထားမှုမှာ (၃) လအထိ ရှိလာပြီဖြစ်ကာ လုပ်ငန်းအဆင်မပြေမှု များပြားလာ၍ ကိုယ့်နိုင်ငံသို့ ပြန်သွားကြခြင်းဖြစ်ကြောင်း မြန်မာယက္ကန်သမားတစ်ဦးက ယခုလို ခိုနှုမ်းသုန်သတင်းဌာနကိုပြောသည်။

“တစ်ယောက်နဲ့တစ်ယောက် အခြေအနေကတော့ မတူဘူးပေါ့နော်၊ Lockdown ချတာက (၃) လလောက်ရှိပြီဆိုတော့ အထည်ရောင်းမထုတ်နိုင်တော့ လုပ်ငန်းမချပေးနိုင်တဲ့ အလုပ်ရှင်အတော်များတယ်၊ တစ်ချို့က နှစ်ပတ်/သုံးပတ် စသဖြင့် တစ်လကျော်အထိ စောင့်နေရတဲ့ အလုပ်သမားတွေလည်းရှိတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားတွေအတွက် တစ်လလောက်စောင့်ရတယ်ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့” ဟု ပြောသည်။

မီဇိုရမ်ရောက် ယက္ကန်အလုပ်သမားများအနေဖြင့် ယခုကာလမှာ လုပ်ငန်းအဆင်မပြေမှု၊ အလုပ်ရှင်ဖက်မှ လုပ်ငန်းများ မချပေးနိုင်မှုနှင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ရှိလာပြီးနောက်ပိုင်း မြန်မာပြည်သို့ ပြန်သွားကြသူများသည်ဟု မီဇိုရမ်နေ မြန်မာလူမှုရေးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောသည်။

“ခုချိန်မှာတော့ လူတိုင်းလိုလိုက သူ့အခက်ခဲနဲ့သူရှိတာပေါ့လေ၊ တချို့အလုပ်ရှင်တွေက လုပ်ငန်းလုံးလုံးကို မချပေး နိုင်တော့ဘူး၊ တချို့အလုပ်ရှင်တွေကတော့ စားစရိတ်လောက်ပဲ လုပ်ခိုင်းတာတွေရှိတာပေါ့၊ အရင်ကဆိုရင် ဇောင်းသွေရပ်ကွက်မှာ ယက္ကန်းအလုပ်သမား (၈၀၀) ကျော်လောက်ရှိတယ်၊ တချို့က သင်္ကြန်မတိုင်ခင်ပြန်ကြတာလည်းရှိသလို အများသောအားဖြင့် Covid-19 ကြောင့် Lockdown ချမှတ်လိုက်ပြီးနောက်ပိုင်း ပြန်ကြတာ ပိုများတယ်၊ အခုဆိုရင် ဇောင်းသွေရပ်ကွက်မှာ ယက္ကန်းအလုပ်သမား ၂၀၀ နှင့် ၃၀၀ ကြားလောက်ပဲရှိတော့တယ်၊ တချို့က ငွေမရှိလို့မပြန်နိုင်တဲ့သူတွေရှိသလို အလုပ်ရှင်က ငွေမပေးနိုင်သေးလို့ မပြန်သေးတဲ့သူတွေလည်းရှိတယ်” ဟု ပြောသည်။

အလားတူ မဏိပူပြည်နယ်တွင်လည်း သွားရောက်အလုပ်လုပ်နေထိုင်ကြသော မြန်မာယက္ကန်းအလုပ်သမားများသည်လည်း လုပ်ငန်းပျက်လတ်မှုများ တွေ့ကြုံကြပြီး နယ်စပ်ဒေသများပိတ်ဆို့မှုကြောင့် မပြန်နိုင်ဘဲ သောင်တင်နေကြသော မြန်မာအလုပ်သမား (၂၀၀) ကျော်ရှိနေကြောင်း မဏိပူရောက် ယက္ကန်းသမား အမျိုးသမီးတစ်ဦးက ပြောသည်။

“မဏိပူမှာက အရမ်းတင်းကြပ်တယ်၊ နယ်စပ်မပြောနဲ့ တစ်မြို့နဲ့တစ်မြို့တောင် သွားလာခွင့်မပြုတော့ ပြန်ချင်ရင်တောင် ပြန်လို့မရတဲ့ အခြေအနေနဲ့ကြုံရတယ်၊ မဏိပူမှာက မီဇိုရမ်နဲ့မတူဘူး၊ မီဇိုရမ်မှာက အလုပ်ရှင်တွေဟာ ဒေသခံမီဇိုးလူမျိုးတွေဖြစ်တော့ ဒီလိုခက်ခဲတဲ့ကာလမှာလည်း အလုပ်ရှင်ဖက်က ကြည့်ပေးလို့ရသေးတယ်၊ မဏိပူမှာက ယက္ကန်းလုပ်ငန်းအလုပ်ရှင် အားလုံးလိုလိုဟာ ကိုယ့်မြန်မာပြည်က မြန်မာနိုင်ငံသားတွေပဲဖြစ်နေတယ်၊ ကြာလာတော့ လုပ်ငန်းလုံးလုံး မချပေးနိုင်တော့ စားရေးသောက်ရေးမှာလည်း အတော်လေးအခက်တွေ့ကြုံနေရတယ်၊” လို့ ပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...