ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာသားတစ်ဦး အမည်မသိလက်နက်ကိုင်တစ်စုမှ ပစ်သတ်ခံရ

ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာသားတစ်ဦး အမည်မသိလက်နက်ကိုင်တစ်စုမှ ပစ်သတ်ခံရ

လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းစစ်ဘေးရှောင်စခန်းမှ နန်းချောင်းဝကျေးရွာသားတစ်ဦး နန်းချောင်းဝကျေးရွာသို့အသွား လမ်းခုလတ်တစ်နေရာတွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် လက်နက်ကိုင်တစ်စု ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူသည် စိမ်းစင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် နန်းချောင်းဝကျေးရွာသား ဦးမျိုးသန့်ဖြစ်ပြီး အသက် (၄၆) နှစ်ရှိကာ ရွာအသွား သူဌေးကုန်းနှင့် လယ်လှရွာကြားတွင်ပစ်သတ်ခံခဲ့ရကြောင်း ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီမှ အတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။

“သူတို့ခိုလှုံတာကတော့ စိမ်းစင်းမှာ ဒီမနက်စီးစမ်းကနေသူတို့ (၉) နာရီဝန်းကျင် သူတို့ထွက်တာဖြစ်တယ်၊ ဒီရွာကိုသွားတာပေါ့ ပစ္စည်းတွေဘာတွေသွားယူဖို့ သူရွာကိုအဲလိုသွားတာ၊ အဲဒီနေရာမှာပစ်ခံရတယ်၊ အဲမှာပွဲခြင်းပဲ ဦးမျိုးသန့်ကတော့ အဲမှာဆုံးသွားတယ်၊ ကျန်တဲ့လူတွေကတော့ ဘယ်လိုမျိုး ဒဏ်ရာရတာတွေရှိသလဲ၊ ဘယ်လိုဖြစ်သေးသလဲဆိုတဲ့ဟာ ကျနော်တို့ အတည်မပြုနိုင်သေးဘူး၊ သူနဲ့ အတူကားသမားအပါအဝင် (၂၀) ဦးလောက်ရှိတယ်” ဟု ဦးကျော်အောင်ကပြောသည်။

နန်းချောင်းဝ၊ သူဌေးကုန်းနှင့် လယ်လှရွာတို့သည် စိမ်းစင်းရွာနှင့် (၃) မိုင်ကျော်လောက်သာကွာဝေးပြီးသည့် နေရာတွင်တည်ရှိကြသည်။

သေဆုံးသူ ဦးမျိုးသန့်မှာ သားသမီးနှစ်ယောက်နှင့် ဇနီးကျန်ရစ်ခဲ့ကြောင်း ၎င်းတို့သွားရာလမ်းတွင် ပစ်ခတ်သည့်အဖွဲ့မှာလည်း လက်ရှိချိန်ထိ အတည်မပြုနိုင်သေးကြောင်းသိရသည်။

စိမ်းစင်းနှင့် နန်းချောင်းဝ၊ သူဌေးကုန်းနှင့် လယ်လှရွာတို့ အနီးနားပတ်ဝန်ကျင်တွင် စစ်တပ်မှ နေရာယူထားပြီး ရက္ခိုင့်တပ်တော် (AA) အဖွဲ့လုပ်ရှားမှုမရှိကြောင်းသိရပြီး သေဆုံးသူဦးမျိုးသန့်၏ အလောင်းမှာ ပလက်ဝမြို့သို့ခေါ်ဆောင်မသွားပဲ စီးစမ်းမှာ ပြန်ခေါ်ဆောင်သွားနိုင်ချေရှိသည်ဟု ဦးကျော်အောင်ဟုဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ယခုနှစ် ၂၀၂၀ ခုနှစ်တွင်  (၄၀) ရှိပြီဖြစ်ဟု ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီမှ ၂၀၂၀ ဇွန်လ (၉) ရက်နေ့ကထုတ်ပြန်ထားပြီး ယခုသေဆုံးမှု နန်းချောင်းဝကျေးရွာသား ဦးမျိုးသန့်နှင့်အတူ (၄၁) ပလက်ဝမြို့နယ်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...