မြဝတီရဲစခန်းရှေ့ ပေါက်ကွဲမှုမှာ ဗုံးသီးဟောင်းအား ချိန်ကိုက်မိုင်းပုံစံပြုလုပ်၍ ဖောက်ခွဲခဲ့ဟု ဆို

မြဝတီရဲစခန်းရှေ့ ပေါက်ကွဲမှုမှာ ဗုံးသီးဟောင်းအား ချိန်ကိုက်မိုင်းပုံစံပြုလုပ်၍ ဖောက်ခွဲခဲ့ဟု ဆို

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့လယ် ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ အုတ်တံတိုင်းအနီး ရပ်ထားသော သုံးဘီးဆိုင်ကယ်အောက်တွင်  ဇွန်လ ၉ ရက်နေ့ ည ၈း၅၀ အချိန်ခန့် က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဗုံးသီးဟောင်းအား ဒီတိုနီတာတပ်ဆင်၍ ချိန်ကိုက်မိုင်းပုံစံအသုံးပြု၍ ဖောက်ခွဲခဲ့သည်ဟု တာဝန်ရှိသူများက သုံးသပ်ပြောဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကတ္တရာလမ်း (၆)လက်မပတ်လည်၊ အနက် ဝ.၅ လက်မ ခန့်၊

သုံးဘီးဆိုင်ကယ် နောက်တွဲကြမ်းခင်း၌ ဗုံးစထိမှန်၍ အပေါက် ၅ ပေါက်ခန့်၊ ဆိုင်ကယ်ယာဉ် မောင်းထိုင်ခုံအောက်ရှိ ဆီတိုင်ကီနှင့်ဝါယာထုပ်များ လွင့်စင်သွားခဲ့သည်။

ထို့အပြင် ဆန့်ကျင်ဘက်ယာဉ်ကျောအတိုင်း မြဝတီမြို့ပြင်ဘက်မှမြို့တွင်းသို့ မောင်းနှင်လာ သည့်ဝေါ်လေမြို့၊ ထီးသဲလယ်ကျောင်းထိုင်ဆရာတော် ဥူးဝါယမ၊ သက်တော် ၄၇ နှစ်၊ ဝါတော် ၂၇ ဝါနှင့် ယာဉ်မောင်း ဥူးပညာဝံသ၊ သက်တော် ၄၄ နှစ် မောင်းနှင်သည့် Surf (အပြာရောင်)ယာဉ်အား ဝဲဘက်ခြမ်းရှေ့တံခါးဗုံးစလွင့်စင်၍ (၂)ချက်ထိမှန်ခဲ့ပြီး အဆိုပါ ဗုံးသီးစသည် တံခါးအားဖောက်ဝင်ကာ ယာဉ်မောင်းဖြစ်သူ ဥူးပညာဝံသ၏ ဝဲဘက်ခြေသလုံး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။

၎င်းဗုံးပေါက်ကွဲရာနေရာသို့ မြဝတီရှေ့တန်းရုံး တပ်မတော်ခြေလျင်တပ်ရင်း(၉၇)မှ တပ်မတော် တာဝန်ရှိ သူများ၊ ခရိုင်ရဲတပ်ဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့် တာဝနိရှိသူများမှ ဖြစ်စဉ်ကို စစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ ဗုံးဖောက်ခွဲခဲ့သူအား မြဝတီမြို့မရဲ စခန်းက (ပ)၄၁၃/၂၀၂၀၊ ပေါက်ကွဲ-၃ ဖြင့် အမှုရေးဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိနိုင်ခြင်းမရှိသေးပေ။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာတွင် မြဝတီမြို့ဘုရင့်နောင်လမ်းမကြီးဘေး ခရိုင်ရဲ တပ်ဖွဲ့ရုံးရှေ့ အုတ်တံတိုင်းနှင့် ၁၀ ပေခန့် အကွာတွင်ဖြစ်ပြီး အနီးဝန်းကျင်တွင် တပ်မတော် ရှေ့တန်းရုံး၊ အကောက်ခွန်ရုံးနှင့် ယာဉ်ထိန်းရုံးတို့ရှိသည့်အတွက် ဖောက်ခွဲသူ၏ ရည် ရွယ်ချက်အပေါ် မြို့ခံပြည်သူများမှ ထင်ကြေးအမျိုးမျိုးပေး၍ ဝေဖန်မှုမြင့်တက် လျက်ရှိသည်။

၎င်းအပြင် ဇွန်လ ၈ ရက်နေ့ ည ၈း၁၅ အချိန်ခန့်ကလည်း မြဝတီမြို့နှင့်နယ်နိမိတ် ထိစပ် နေသည့် ကော့ကရိတ်မြို့မရဲစခန်း အရှေ့တွင် အလားတူ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့၍ အကြောင်း အရာနှစ်ခု ဆက်စပ်မှု ရှိနိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...