ချင်းပြည်နယ်အတွက် NLD ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်လျက်ရှိဟု ဆို

ချင်းပြည်နယ်အတွက် NLD ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်လျက်ရှိဟု ဆို

ယခုလာမည့် ရွေးကောက်ပွဲ အတွက် ချင်းပြည်နယ် NLD ပါတီ  ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် ပြင်ဆင်နေကြပြီး ယခုလ မကုန်ခင်ဗဟို ပါတီကို ပို့ရန်စီစဉ်လျက်ရှိကြောင်း ချင်းပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးဇိုဘွေ ထံမှ သိရသည်။

“ဒီ အပတ်ကတော့ မြို့နယ်အလိုက် မြို့နယ် EC နဲ့ မြို့မိမြို့ဖ ၅ဦး ရွေးထားတဲ့လူတွေကနေ ဒီ အပတ်တွင်းမှာတော့ အားလုံး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ အခုပြင်ဆင်နေကြပြီ။ အခုများသောအားဖြင့် သောကြာနဲ့ စနေနေ့မှာ ကျွန်တော်တို့ အားလုံးလုပ်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ အဲဒီ စာရင်းကို ၁၅ရက်နေ့ မတိုင်ခင်ကို ၉မြို့နယ် အတွက် ပြည်နယ်ကို ပို့ပြီးတော့ ပြည်နယ် အနေနဲ့ ဒီလမကုန်ခင် ဗဟိုကို ပို့ဖို့ အစီစဉ်ရှိတယ် ” ဦး ဇိုဘွေ မှ ပြောသည်။

Covid ကာလ ဖြစ်သည့်အတွက်လည်း ဗဟိုမှ ချမှတ်ထားသည့် Policy အတိုင်း ချင့်ချိန်ပြီး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Covid ကာလ နှင့် ပတ်သတ်ပြီး ပါတီလုပ်ဆောင်မှာကို လည်း ဦး ဇိုဘွေ မှ ဆက်ပြီး “ဘာပဲဖြစ်ဖြစ် ခရီးအသွားလာ အစည်းအဝေး တို့ကလည်း ပဲဖြစ်ဖြစ် ဗဟိုက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာပြီးတော့ ဆောင်ရွက်နေတယ်၊ ဘာကြောင့်လည်း ဆိုတော့ မဆောင်ရွက်ရင်လည်း အခြေနေက မပေးတော့ဘူး အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ချင့်ချိန်ပြီးတော့ Covid ရဲ့ ဗဟိုကနေ ထုတ်ပြန်တဲ့ မူ Policy မကျော်လွှားပဲ နဲ့ ချင်ချိန်ပြီးတော့ ဆောင်ရွက်နေပါတယ်" ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုဝင်ဘာလ အတွင်း ရွေးကောက်ပွဲကျင်းပရန်လည်း စီစဉ်ထားကြောင်းသိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက််ပွဲတွင် NLD ပါတီသည် တနိုင်ငံလုံးတွင်သာမက ချင်းပြည်နယ်တွင်လည်းနေရာအများစုအနိုင်ရထားသည့်ပါတီဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...