စစ်တွေ KBZ ဘဏ်ဓားပြတိုက်သူများအနက်နှစ်ဦးကိုဖမ်းမိသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ဖမ်းမမိသေး

စစ်တွေ KBZ ဘဏ်ဓားပြတိုက်သူများအနက်နှစ်ဦးကိုဖမ်းမိသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ဖမ်းမမိသေး

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာ ဓားပြတိုက်သွားသူများအနက် နှစ်ဦးကိုနာရီပိုင်းအတွင်း ဖမ်းမိပြီဟုသိရသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ပျောက်နေဆဲဟု သိရသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာကို ဇွန်လ ၁၀ ရက် ညနေ ၄ နာရီကျော်က မျက်နှာဖုံးစွပ်ထားသည့်လူလေးဦးက ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်ပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးရာ ညနေ ၅ နာရီကျော်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိရဉ္စရာသို့ အတည်ပြုပြောသည်။

"ကားနဲ့လူ နှစ်ယောက်ဖမ်းမိတယ်။ ပါသွားတဲ့ သိန်း ၁၈ဝဝ နဲ့ လူနှစ်ယောက်တော့ ပျောက်နေသေးတယ်"ဟု ၎င်းက ပြောသည်။

ဖမ်းမိသူနှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းမိသည်ဆိုသည်ကို ဖြေဆိုခြင်းမရှိခဲ့ပေ။

ဖမ်းဆီးရမိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စစ်ဆေးနေဆဲဖြစ်ပြီး သိန်း ၁၈ဝဝ နှင့်အတူပျောက်နေသူနှစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေသေးသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)အတွင်းသို့ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် မျက်နှာဖုံးစွပ်ထားသူ လေးဦးဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများအား တုတ်၊ ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင့်ရှစ်ရာကို ဓားပြတိုက်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...