၅ လ ကျော်အတွင်း ပလက်ဝတွင် တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၄၀ ဦးထိရှိ

၅ လ ကျော်အတွင်း ပလက်ဝတွင် တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၄၀ ဦးထိရှိ

Salai Khup Khup — ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ၂၀၂၀ ခုနှစ်ဇန်ဝါရီလမှ ဇွန်လ ၅ ရက်နေ့ကြား ၅ လ ကျော်အတွင်း အရပ်သား ၄၀ ဦးထိ သေဆုံးပြီဖြစ်ကြောင်း  Chin IDP Support Committee ဖော်ပြချက်အရ သိရှိရသည်။

CISC ဖော်ပြချက်အရ ၂၀၂ဝခုနှစ် ဇနဝါရီလမှ ဇွန်လ ၅ ရက်နေ့ကြား တိုက်ပွဲများကြောင်း အရပ်သား သေဆုံးမှုမှာ ၄၀ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ အများစုမှာ ပလက်ဝမြို့နယ်ရှိ မိတ်စာရွာ၊ ဝက်မရွာ၊ နန်းချောင်းဝရွာ၊ မြို့မ၊ ရွာမ၊ မင်တာရွာ၊ ပြိုင်တိန်ရွာ၊ ကြက်ဥဝရွာ၊ ပ္ပီဝုန်းရွာနှင့် ဆီးဖလောင်း ရွာနေ ဒေသခံနေ ပြည်သူများ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူအများစုမှာ ဗုံးကြဲရာမှ သေဆုံးသူ၊ လက်နက်ကြီးထိမှန်၍ သေဆုံးသူ အများဆုံးဖြစ်ပြီး အချို့မှာမည်သည့် လက်နက်ထိမှန်သည် မသိရဘဲ သေဆုံးမှုများပါ ပါရှိနေကြောင်း CISC ဖော်ပြချက်အရ သိရသည်။

၂၀၂ဝခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများပြင်းထန်လာမှုကြောင့် ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်း နှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...