ပလက်ဝမြို့ ရှိပြည်သူများကို လုံခြုံရေးအခက်အခဲကြောင့် စားနပ်ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိပဲငွေလွှဲပို့ကာကူညီနေရ

ပလက်ဝမြို့ ရှိပြည်သူများကို လုံခြုံရေးအခက်အခဲကြောင့် စားနပ်ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိပဲငွေလွှဲပို့ကာကူညီနေရ

Salai Khup Khup — ပလက်ဝမြို့ရှိပြည်သူများကို လုံခြုံရေးအခက်အခဲကြောင့်စားနပ်ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိပဲငွေလွှဲပို့ကာကူညီနေရကြောင်း ပလက်ဝစစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် RRCCI အဖွဲ့ထံမှသိရသည်။

စစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ အတွင်းရေးမှူး ဦးစောမြက “RRCCI ကော်မတီအနေနဲ့က ပလက်ဝနီးနားရွာတွေကို တစ်ရွာကို ဆယ်သိန်း တစ်ချို့ရွာတွေကို ငါးသိန်း အဲလိုနဲ့ လှူတာ အဲဒါတွေဘဲလုပ်နိုင်သေးတယ်။ ပြည်နယ်အစိုးရနဲ့ ချိတ််ဆက်ပြီးတော့ ဆမီးနဲ့ ပလက်ဝ လမ်းကြောင်း ဖွင့်နိုင်ဖို့ ညှိနှိုင်းတာတွေဘဲ လုပ်ရသေးတယ်။ အခုက လုံခြုံရေးအရ လမ်းကမဖွင့်သေးတော့ ကူညီပေးလို့မရဘူး။ ဒါပေမဲ့ လက်ရှိ ပလက်ဝမှာ တာဝန်ခံ အချို့တွေဆီကိုတော့ ပိုက်ဆံလွှဲပြီး ကူညီတာမျိုးဘဲ လုပ်နိုင်သေးတယ်”ဟု ပြောသည်။

ချင်းပြည်နယ် အစိုးရဖွဲ့အနေဖြင့် ဆမီးမြို့တွင် ရှိနေသည့် ဆန်အိတ်များကို ပလက်ဝမြို့သို့ ပို့ဆောင်ရန် ကြိုးစား ဆောင်ရွက်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခြေနေမကောင်း သေးသောကြောင့်ပို့ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသေးသောကြောင့် ဒေသခံ အချို့နှင့် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ် နေပြီဖြစ်ဟုဒေသခံအချို့မှ ချင်းဝေါလ်မီဒီယာ၏မေးမြန်းမှုကိုဖြေကြားသည်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “စားဖို့မရှိသလောက်ကို ဖြစ်နေတယ် စစ်ဘေးရှောင် တော်တော်များဆိုရင် စားစရာ လုံးဝမရှိတဲ့ သူတွေများနေပြီ မြို့ပေါ်နေဒေသခံ အချို့လည်း စားသောက်ပြတ်လပ်နေပြီ မြို့အဝင်ထွက်လည်း မရသေးတော့ အခက်ခဲများစွာကြုံတွေ့နေရတဲ့ အနေထားမှာရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့ဒေသခံများ ကြုံတွေ့နေရသည့် စားနပ်ရိက္ခာ ပြတ်လပ်မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွင် တင်ပြတောင်းဆိုထားမှုများ ရှိသော်လည်း လက်ရှိအချိန်ထိ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်း နှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...