Social distancing ဖြင့် ကရင်ပြည်နယ်ရှိကျောင်းများ ဇူလိုင်လတွင် ဖွင့်လှစ်သွားမည်

Social distancing ဖြင့် ကရင်ပြည်နယ်ရှိကျောင်းများ ဇူလိုင်လတွင် ဖွင့်လှစ်သွားမည်

Covid-19 ကာလ Social distancing စနစ်ဖြင့် ကရင်ပြည်နယ်ရှိ အထက်တန်းအဆင့်(နဝမတန်းနှင့် ဒဿမ တန်း) ကျောင်းများ အားလုံးကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ် နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်အတိုင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေး မှူး ဦးစိုးဝင်းက ပြောသည်။

၎င်းက “Social distancing ပဲ။ ၆ ပေ အကွာအဝေးလေကွာ မင်းတို့ကလည်း၊ (နှာခေါင်းစည်း- mask တွေက တော့) ဌာနကလည်းပေးမယ်။ ကျောင်းတွေကလည်း ပြင်ထားတယ်။ လက်ဆေးခုံကတော့ မင်းတို့လှူမှရမယ်” ဟု ကေအိုင်စီသို့ ယနေ့ (ဇွန် ၈ ရက်)တွင် ပြောသည်။

ကရင်ပြည်နယ်ရှိ ကျောင်းများဖွင့်လှစ်သင်ကြားသည့်အခါ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေကာ လူဦးရေအလိုက် အချိန်ခွဲ သင်ကြားသွားနိုင်ရန် စီစဉ်ထားကြောင်း ဦးစိုးဝင်းက ဆက်ပြောသည်။

ထို့အပြင် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ သတ်မှတ်ထားကြောင်းလည်း ကရင်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အခြေခံပညာအထက်တန်းအဆင့်များ ဖွင့်လှစ်သည့် ဇူလိုင်လ ၂၁ ရက်နေ့နောက်ပိုင်း COVID-19 ရောဂါ ပြန့်ပွားကူးစက်မှု အခြေအနေအရ အလယ်တန်းနှင့်မူလတန်းအဆင့်များကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရေး ဆက်လက်အကြောင်းကြားသွားမည်ဟုလည်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...