စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက်ကျပ်သိန်းထောင့်ခြောက်ရာ လျာထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက်ကျပ်သိန်းထောင့်ခြောက်ရာ လျာထား

၂ဝ၁၉ ခုနှစ် ဖောင်းပြင်မြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲတော်

 စစ်ကိုင်းတိုင်းဒေသအတွင်းရှိ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရ ရံပုံငွေ သိန်းတစ်ထောင် ခြောက်ရာ လျာထားကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်( တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ဥက္ကဌဦးကျော်ဌေးလွင်ကပြောသည်။

ဇွန် ၅ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်တွင် စစ်ကိုင်းတိုင်းရှိ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီက တစ်နှစ်တာအစီရင်ခံစာကိုဦီးကျော်ဌေးလွင်က တင်ပြခဲ့ပြီး လာမည့် ဇွန်လ (၈) ရက်နေ့နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

အဆိုပါ ဘတ်ဂျက်မှ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုလုပ်ငန်းများအတွက် အသုံးပြုပြီး တိုင်းရင်းသားပွဲတော် တစ်ခုအတွက် သိန်းတစ်ရာ နှုန်းဖြင့်အသုံးပြုကြောင်း ဦးကျော်ဌေးလွင်ကပြောသည်။

တိုင်းရင်းသား စာပေ၊ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်း ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရရံပုံငွေ တိုးမြင့် ချပေးရန် တိုင်းရင်းသားရေးရာဝန်ကြီးက တင်ပြတောင်းဆိုမှုများရှိသော်လည်း နှစ်စဉ်ချပေးသည့် ပုံမှန်အတိုင်း သိန်း(၁၆၀၀)ကျပ် သာလျာထားကြောင်း ၎င်းကဆက်ပြောသည်။

“တိုင်းရင်းသားရေးရာကော်မတီအနေနဲ့ကတော့ တိုင်းရင်းသားလူမျိုးတွေ ပိုပြီးတော့ နှစ်စဉ်ပွဲတော်တွေကို ပိုပြီးတော့ စည်ကားတထက် စည်ကားအောင်၊ တိုးတက်ဖွံ့ဖြိုးလာအောင် ဘတ်ဂျက်တွေကို ပိုပြီး ချပေးသင့်တယ်ဆိုပြီးတော့ သဘောထားရှိတယ်။” ဟု ဦးကျော်ဌေးလွင်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသအတွင်း ရှမ်း၊ ကဒူး၊ ကနန်း၊ ချင်းနှင့် နာဂစသည့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်လျှက်ရှိသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...