စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်

စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်

စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူစည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒုက္ခသည်တွေက တိုးလာသလို ကျောင်းသူ ကျောင်းသား အရေအတွက်လည်း တိုးလာတယ် ဆမီးမှာဆိုရင် ကျောင်းသူကျောင်းသား ဦးရေ ၇၅၀ လောက်တိုးလာတယ် အဲဒီအတွက်ကို မနက်ပိုင်းဖွင့်တဲ့ကျောင်း ညနေပိုင်းဖွင့်တဲ့ကျောင်း မနက်ပိုင်းကို တစ်ဝက်တက်၊ညနေပိုင်းကို တစ်ဝတ်တက်၊ဒီလိုစနစ်တွေ သုံးဖို့ ဆွေးနွေးထားတယ် အဲလိုလုပ်လို့ အဆင်ပြေရင် ပရိဘောဂနဲ့ ကျောင်းဆောင် သက်သာသွားမယ်။ပေ ၈၀ ပေ ၃၀ ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ ဆမီးမှာတော့ ခိုင်းလိုက်ပြီ သစ်တိုင် သွပ်မိုးနဲ့ အကာတော့ ဝါးထရံနဲ့လုပ်မှာဖြစ်တယ် အဲလို ၂ လုံး ဆောက်ခိုင်းထားလိုက်တယ်”ဟုပြောသည်။

ပလက်ဝမြို့၊ ဆမီးမြို့၊ မီးဇာရွာနှင့် ကင်ချောင်းဝရွာတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် များပြားလာသလို ကျောင်းသူ ကျောင်းသားဦးရေမှာလည်း များပြားလာသောကြောင့် ကျောင်းဖွင့်ချိန်တွင် အချိန်မှီကျောင်းများ ဖွင့်လှစ်နိုင်ရန် ကျောင်းဆောင်များ ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆမီးတစ်ခုထဲမှာတင် အခုနာမည်စာရင်း ကောက်ယူထားတာက ၇၅၀ ဝန်းကျင်လောက်ရှိတယ် ပလက်ဝမှာတော့ အခုလုပ်လို့မရသေးဘူး ပစ္စည်းတွေ ဝယ်လို့လည်းမရဘူး ပို့လို့လည်း မရသေးဘူး အဲဒါကြောင့် ဆမီးမှာစလုပ်နေတယ်”ဟုပြောသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦးရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ အိမ်ထောင်စု ရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...